Connect with us

Politics, Law & Military

သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA) တို့တွေ့ဆုံစဉ် ( ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဝပြည် သွေးစည်း ညီညွတ်ရေးတပ် (UWSA)၊ မိုင်းလား အဖွဲ့ (NDAA) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) တို့ ယနေ့ နေ့လည်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတ အကြံပေး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

ယနေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ချင်းစီ သီးသန့် တွေ့ဆုံခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တွေ့ဆုံစဉ် ( ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် မိုင်းလား အဖွဲ့ (NDAA) တွေ့ဆုံစဉ် ( ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် အစိုးရ အရာရှိကြီးများသည် မေလ (၇) ရက်နေ့တွင် ကျိုင်းတုံမြို့သို့ ရောက်ရှိပြီး ကျိုင်းတုံမြို့ သာသနာ့ဗိမ္မာန်၊ ကျိုင်းတုံ ယဉ်ကျေးမှုပြတိုက်၊ လွိုင်မွေတောင်စခန်းသို့ သွားရောက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117