Connect with us

Politics, Law & Military

တရုတ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ ပူးပေါင်း၍ လီဒိုလမ်းမကြီးအား ယခုလပိုင်းအတွင်း အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ကချင်ဝန်ကြီးချုပ်က ဆင်ဟွာသို့ပြောကြား

ကချင်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း မှ ဆင်ဟွာသတင်းဌာန၏ သီးသန့် အင်တာဗျူ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြစ်ကြီးနား ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ၊ မြန်မာနိုင်ငံ နှင့် အိန္ဒိယ နိုင်ငံအား ဆက်သွယ်ထားသည် လီဒိုလမ်းမကြီးကို ယခုလဆန်းပိုင်း အတွင်း သုံးနိုင်ငံ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဆင်ဟွာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ကချင်ပြည်နယ်ရဲ့တရုတ်နိုင်ငံနဲ့အိန္ဒိယ နိုင်ငံကို ဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီးကို ပေါက်ရှမ်းပြည်နယ်ခွဲ ၊ ထင်ချုံး ခရိုင် အုပ်ချုပ်ရေး အဖွဲ့တွေနဲ့လမ်းကို ခု ၁၀ လပိုင်းမှာ စတင်ပြီး အကောင်အထည် ဖော် လုပ်သွားဖို့ရှိပါတယ်။ဒီလမ်းကတော့ BOT စနစ် နဲ့ဒေသခံ ကုမ္ပဏီတွေနဲ့ပေါက်ရှမ်း ပြည်နယ်ခွဲ က အစိုးရ အပိုင်းနဲ့လမ်းလုပ်ငန်း အဖွဲ့နဲ့ပူးပေါင်း ဆောင်ရွက်နေရာမှာ ပထမ ၃ နှစ်ကို မြစ်ကြီးနားကနေ တနိုင်း အထိ ကတ္တရာလမ်း ၊ နောက် သုံးနှစ်ကို တနိုင်းကနေ ပန်စောက်အထိပေါ့ ဆောင်ရွက်ဖို့အစီအစဉ်တွေ ရှိပါတယ်။အဲဒီအပြင် တယ်ဟုန် ပြည်နယ်ခွဲနဲ့လည်း လွယ်ကျယ်ကနေ မိုးမောက်အထိ ကတ္တရာလမ်း အသစ်ဖောက်ဖို့အတွက် ညှိနိူင်းထားပြီး ဖြစ်ပါတယ်။ဒါ BOT စနစ်နဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်။အဲဒီအပြင် ပေါက်ရှမ်း ပြည်နယ်ခွဲက ပညာရှင်တွေ ခေါ်ပြီးတော့ တံတားဆောက်တာတို့လမ်းလုပ်တာတို့လည်း ကျွန်တော်တို့ပူးပေါင်း ဆောင်ရွက်တာတွေ ရှိပါတယ်။”ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ကချင်ပြည်နယ် ဒေသန္တရ ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များကို ပြောကြားခဲ့သည်။

လီဒိုလမ်းမကြီးသည် တရုတ် ၊ မြန်မာ ၊ အိန္ဒိယ သုံးနိုင်ငံ နယ်နမိတ် ဆက်စပ်နေပြီး ယင်းကဲ့သို့လမ်းများ အဆင်ပြေချောမွေ့လာပါက နယ်စပ်ကုန်သွယ်ရေးအတွက် ပိုမို၍ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အောင်မြင်မှုများစွာ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

“ကုန်သွယ်မှုတွေကတော့ နယ်စပ်ခြင်း ဆက်စပ်နေတော့ လွယ်ကျယ် ကုန်သွယ်ရေး ဂိတ်ပေါက်နဲ့နယ်စပ် ကုန်သွယ်ရေး ကန်ပိုက်တီး ဂိတ်ပေါက်ကနေမှ အတူတကွ ပူးပေါင်းဆောင်ရွက်မယ့် အောင်မြင်မှုတွေ အများကြီး ရရှိတယ်လို့ပြောချင်ပါတယ်။”ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောသည်။

ကချင်ပြည်နယ်အတွင်း အစိုးရအဖွဲ့တာဝန်ယူပြီးချိန်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပစ်ခတ်တိုက်ခိုက်မှုများ ရှိသော်လည်း ဒေသ အစွမ်းကုန် ဖွံ့ဖြိုးတိုးတတ်အောင် အခြေခံ လိုအပ်ချက်များ ဖြစ်သည့် လမ်း ၊ တံတား ၊ ရေ ၊ လျပ်စစ်မီး ၊ စိုက်ပျိုးမွေးမြူရေး ကိစ္စများကို ကြိုးစား ဆောင်ရွက်နိုင်ခဲ့သည့် အပြင် လျှပ်စစ်မီးရရှိမှုမှာလည်း တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် တာပိန် ၁ ရေအားလျပ်စစ် စီမံကိန်းနှင့် ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းတို့မှ ထုတ်လုပ်သည့် ဓာတ်အားများဖြင့် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် လျပ်စစ်မီးရရှိမှုလည်း များစွာ ရှိလာပြီး ယခင်ကထက်စာပါက ပိုမိုရရှိသုံးစွဲနိုင်၍ ဖွံ့ဖြိုးတိုးတတ်မှုများ ရှိလာကြောင်း ၊ နယ်နမိတ်ထိစပ်နေသည့် အစိုးရအဖွဲ့များနှင့်လည်း ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတူတကွ လုပ်ဆောင်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောသည်။
ထိုပြင် ကချင်ပြည်နယ်အတွင်း မှုးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်မှုများ ၊ တရားမဝင် မှောင်ခို လုပ်ငန်းများ တားဆီးအရေးယူမှုများ ၊ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ထောက်ပံ့ပေးထားမှု အခြေအနေများကိုလည်း ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)