Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးပွဲ ယခုလ ၁၅ ရက်နေ့ တွင် ကျင်းပမည်

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ ညှိနှိုင်း အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ ကို ယခုလ ၁၅ ရက်နေ့ မနက်ပိုင်းတွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂) (MICC 2) တွင် ကျင်းပရန် NCA လက်မှတ်ရေးထိုးပွဲ ညှိနှိုင်း အစည်းအဝေးတွင် ယနေ့ ဆုံးဖြတ် လိုက်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) မှ အထူးအကြံပေး ဦးလှမောင်ရွှေ ၏ ကိုယ်ပိုင် လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ထို့အပြင် တဖက်လျှင် ( ၁၀ ) ဦးစီ ပါဝင်သော တစ်နိုင်ငံလုံး “ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ ” ကို ယင်း အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။

NCA လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA- PC)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့ ပါဝင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း စက်တင်ဘာလ ကုန်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေး အရ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ ညှိနှိုင်း အစည်းအဝေးကို ယနေ့ အောက်တိုဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) တွင် ကျင်းပလျှက် ရှိရာ အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် NCA ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၅) ဖွဲ့ အနက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့မှ ကိုယ်စား လှယ်များ ဖြစ်သည့် KNU ၊ KNLA-PC ၊ PNLO၊ ABSDF ၊ CNF ၊ RCSS ၊ ALP နှင့် DKBA တို့ တက်ရောက် ခဲ့ကြပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117