Connect with us

Politics, Law & Military

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းအားတွေ့ရစဉ် (ဓာတ်ပုံ--ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေနှင့် ပြီးခဲ့သည့် လွှတ်တော်သက်တမ်း (၂)နှစ်နီးပါးကာလတွင် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ ဇန်နဝါရီလ ၃၀ရက် တွင် လွှတ်တော်သို့ပြောကြားခဲ့သော ကြိုဆိုနှုတ်ခွန်းဆက်စကား ၌ ထည့်သွင်းပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးအား (၅)ကြိမ် ကျင်းပ နိုင်ခဲ့ပြီး ထိုအစည်းအဝေးများတွင် ကိုယ်စားလှယ်များက အဆိုပေါင်း (၂၅)ခု တင်သွင်းကာ ကြယ်ပွင့်ပြမေးခွန်း (၇၂၉)ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း (၁၂၅)ခုတို့ကိုလည်းကောင်း မေးမြန်းဆောင်ရွက်နိုင်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က “ကိုယ်စားလှယ်များကို ဦးစွာပြောကြားလိုတာကတော့ ကိုယ်မေးတဲ့မေးခွန်းကို တိတိကျကျ ရှင်းရှင်းလင်းလင်းနဲ့ ထိထိမိမိ မေးဖို့လိုပါတယ်။ မေးခွန်းများဟာ မိမိမဲဆန္ဒနယ်မြေမှာရှိတဲ့ မဲဆန္ဒရှင် ပြည်သူများ အမှန်တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲများ အမှန်တကယ်လိုအပ်ချက်များနဲ့ တိုက်ရိုက် ပတ်သက်ဖို့ အရေးကြီးသလို လွှတ်တော်မှာဖြေကြားပြီးသား ကိစ္စရပ်တွေ မဖြစ်ဖို့လည်း လိုပါတယ်။’’ ဟုပြောကြားခဲ့သည်။

မေးခွန်းမေးမြန်းခြင်းသည် လက်တွေ့လိုအပ်ချက်များကိုသာ မေးမြန်းခြင်းဖြစ်ပြီး အဆိုများသည် တိုင်းဒေသကြီးတစ်ခုလုံးအတွက် ရေရှည်အကျိုးကို ရည်ရွယ်တင်သွင်းခြင်းဖြစ်ကြောင်း၊ အဆိုကမူဝါဒ သဘော ဆောင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကဆိုသည်။

နှစ်နှစ်နီးပါး ကာလအတွင်းတွင် ကော်မတီများအနေနှင့် ပုံမှန်အစည်း အဝေးပေါင်း (၅၀၅)ကြိမ်၊ ပြင်ပပုဂ္ဂိုလ် အဖွဲ့အစည်းများနဲ့တွေ့ဆုံခဲ့သည့် အစည်းအဝေးပေါင်း (၁၅၆)ကြိမ်နှင့် ပြည်သူများ၏ တင်ပြတိုင်ကြားမှု များကို ကွင်းဆင်းဖြေရှင်းဆောင်ရွက်ပေးမှုပေါင်း (၁၄၇)ကြိမ် ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က “ဒါ့အပြင် နိုင်ငံတကာ သံတမန်များ ၊ ပြင်ပအဖွဲ့အစည်း (၂၁)ခု ၊ ပြည်တွင်းအဖွဲ့အစည်း (၁၉)ခုနဲ့ တွေ့ဆုံမှုများ၊ အလုပ်ရုံဆွေးနွေးပွဲ(၅၃)ကြိမ် ကျင်းပမှုများဆောင်ရွက်ပြီး မိမိတို့လွှတ်တော်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ခရိုင်(၄)ခရိုင်က လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း လွှတ်တော်ရပ်နားထားစဉ် ကာလမှာ (၇)ကြိမ်တိုင်တိုင် တွေ့ဆုံပြီး လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို မိမိတို့လွှတ်တော်ကိုလည်း ပြည်သူများအနေနဲ့ စိတ်ဝင်တစား လာရောက်လေ့လာမှုများလည်းရှိခဲ့ပါတယ်။ ဒီလေ့လာမှုတွေကတော့ လွှတ်တော်အစည်းအဝေး ကာလအတွင်းမှာ (၃၉၂၈)ဦးနဲ့ အစည်းအဝေး ရပ်နားထားစဉ်မှာ (၂၉၆)ဦး လာရောက်လေ့လာခဲ့ကြပါတယ်’’ ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.