Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည် ဘယ်ဘက်မျက်လုံး အတွင်းတိမ်အား ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးစီး
ရန်ကုန်၊ ဧပြီ၁၆ရက် (ဆင်ဟွာ)
ဒေါ်အောင်ဆန်းစုကြည်သည် သြင်္ကန်အတက်နေ့(၂၀၁၆ ခုနှစ် ဧပြီလ ၁၆ ရက်) နံနက် ၉ နာရီခန့်တွင် ဘယ်ဘက်မျက်လုံး အတွင်းတိမ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အောင်မြင်စွာ ခွဲစိတ်ပြီးစီးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် ညာဘက်မျက်လုံး ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးနောက် ယနေ့ ဘယ်ဘက်မျက်လုံး အတွင်းတိမ်ကို ထပ်မံ၍ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အထူးကုဆရာဝန်ကြီးများ၏ အကြံပြုချက်အရ ခွဲစိတ်ပြီးစီးသည့်နောက် မျက်လုံးအား ရက်အနည်းငယ် အနားပေးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁၄ ရက်နေ့တွင် ညာဘက်မျက်လုံး ခွဲစိတ်ထားမှု အခြေအနေ ကောင်းမွန်ပြီး အလင်းရောင် အနည်းငယ် စူးရှသည်မှအပ စာများ ကောင်းမွန်စွာ ဖတ်ရှုနိုင်ကာ ရုံးလုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်ခဲ့သည်။ (Xinhua)