Connect with us

Politics, Law & Military

ရထားတိုက်ပြီးသေဆုံးဟန်ပြုလုပ်ထားသည့် လူသတ်မှုအား ဖော်ထုတ်တရားစွဲတင်နိုင်ခဲ့

အခင်းဖြစ်သည့်နေရာအားလိုက်လံပြသနေစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန် ၊ ဧပြီ ၁၃ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အတွင်း ရန်ကုန်-မန္တလေးရထားလမ်းပေါ်တွင် အမျိုးသားတစ်ဦးကို ရထားတိုက်ဟန်ပြုလုပ်ထားသည့် လူသတ် မှုအား ဖော်ထုတ်နိုင်ခဲ့ပြီး ဧပြီ ၈ ရက်က တောင်ငူ ခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကြောင်း သိရ သည်။

အမှုမှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် နံနက် ၄ နာရီခွဲခန့်က အုတ်တွင်းမြို့နယ် ဥယျာဉ်တော ကျေးရွာ အုပ်စု သစ်တောကျေးရွာအနီး ရန်ကုန်-မန္တလေး ရထား လမ်း မိုင်တိုင်အမှတ် ၁၆၂/၁ဝ နှင့် ၁၁ အကြားတွင် လူတစ်ဦး ရထားတိုက်မိ ၍သေဆုံးနေကြောင်း သတင်း ရရှိခဲ့ပြီး ထိုအမှုအားစစ်ဆေးဆောင်ရွက်စဉ် အခင်းဖြစ်ပွားသည့် အစုန်-အဆန်ရထားလမ်း နှစ်လမ်းရှိသည့်အနက် ယင်းနေ့ နံနက် ၃ နာရီနှင့် နံနက် ၆ နာရီကြားတွင် အဆန်လမ်းမှ ရထားသွားလာမှုမရှိဘဲ အစုန်လမ်းမှသာ ရထားသွားလာမှုရှိခြင်း၊ ရထားတိုက်မည်ဆိုပါက အလောင်းမှာ အစုန်လမ်းအလယ်မှ ရထားလမ်းတွင် ရှိမနေနိုင်ခြင်းနှင့် သေဆုံးသူ ၏အလောင်းမှာ အစုန် ရထားလမ်းအလယ်တွင် ပက်လက်အနေ အထားဖြင့် မြောက်ဘက်သို့ခေါင်းပြုကာ သေဆုံးနေသော်လည်း အခင်းဖြစ်နေရာ၌ သွေးစွန်းသွေးကွက်များမတွေ့ရှိခြင်း၊ အုတ်တွင်းမြို့နယ်ဆေးရုံမှ မှုခင်းဆိုင်ရာဆေးစာ ပြန်ကြားချက်အရ တုံးသောအရာ ဝတ္ထုဖြင့် ပြင်းထန်စွာထိခိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပါရှိခဲ့သည့်အတွက် ရထားတိုက်မိ၍ သေဆုံးခြင်း မဟုတ်ဘဲ တုံးသောလက်နက်ဖြင့် ဝိုင်းဝန်းရိုက်နှက်၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိချက်များအရ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုဖြစ်စဉ်အား တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှ အထူးအမှုစစ်အဖွဲ့က မတ် ၃ ရက်တွင် လွှဲပြောင်းကာ စတင်စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ ၏ ပေးပို့သည့် သတင်းများကို စုဆောင်းခြင်း၊ အခင်း ဖြစ်နေရာနှင့် ဆက်စပ်မှုရှိသော ကျေး ရွာများသို့ စုံစမ်း လေ့လာခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် သူများအား ခိုင်လုံသည့် အထောက် အထားများ၊ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီး စစ်ဆေးခဲ့ပြီး ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့်အညီ ဧပြီ ၈ ရက်က တောင်ငူခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ လိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.