Politics, Law & Military
နိုင်ငံတော်သမ္မတဦးဝင်းမြင့် (၃၂)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် စင်ကာပူနိုင်ငံသို့ထွက်ခွာ

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ၌ကျင်းပမည့် (၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက် ၁၁နာရီ မိနစ်၄၀ တွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားကြ ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နိုင်ငံတော်သမ္မတနှင့်အတူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သိရသည်။
(၃၂)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်သမ္မတသည် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)