Connect with us

Politics, Law & Military

ပုဂံ၌ ဘုရားပုထိုးစေတီ ၁၉ဆူမှလွဲ၍ ကျန်ဘုရားပုထိုးစေတီများကို ဖူးမြော်ခွင့်ပြုထား

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ပုဂံဘုရားပုထိုးစေတီများကို တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားပုထိုးစေတီများ ပြိုကျပျက်စီးသွားရာ ဘုရားပုထိုးစေတီ ၁၉ ဆူမှလွဲ၍ ကျန်ဘုရားပုထိုးစေတီများသို့ ရောက်ဖူးမြော်ခွင့်ပြုထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ ဖူးမြော်ခွင့်ကန့်သတ်ထားသော ဘုရားပုထိုးစေတီ ၁၉ ဆူတွင် ဂူပြောက်ငယ် (မြင်းကပါ)၊ အာနန္ဒာအုတ်ကျောင်း၊ နွားပြဂူ၊ သကျမုနိ၊ မြင်းပြဂူ၊ ရွှေကျောင်း၊ ရွှေသာလျောင်း၊ နတ်လှောင်ကျောင်း၊ သဗ္ဗညု ပုထိုးတော်ကြီး စသည်တို့ပါဝင်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၏ နေထွက်ချိန်နှင့် နေဝင်ချိန်ကြည့်ရှုရန်အတွက် ပြဿဒ်ကြီး၊ ရွှေဆံတော်၊ တောင်ဂူနီ စသည့်ဘုရားပုထိုးများကို ခွင့်ပြုပေးထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနဌာနမှ ထုတ်ပြန်ထားသည်။

ငလျင်ဒဏ်ကြောင့် ပုဂံဘုရားပုထိုးများစွာ ပျက်စီးမှု ရှိခဲ့သော်လည်း ခရီးသွားကဏ္ဍကို ထိခိုက်ခဲ့ခြင်းမရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့က ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.