Connect with us

Politics, Law & Military

၂ဝ၁၇ ခုနှစ်တွင် ဖျက်သိမ်းမည့် စာရင်း၌ ပါဝင်နေသည့်မော်ဒယ်နိမ့်ကားများ မူလနိုင်ငံများသို့ ပြန်လည် ပေးပို့မည်

ကားအရောင်းပြခန်းတစ်ခုရှိ ကားများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

Consignment (အရစ်ကျ)စနစ်ဖြင့် ပြည်တွင်းသို့ တင်သွင်းလာသော မော်ဒယ်နိမ့်ယာဉ် များမှာ ၂ဝ၁၇ ခုနှစ်တွင် ဖျက်သိမ်းမည့် စာရင်း၌ ပါဝင်နေခြင်းကြောင့် ရန်ကုန်မြို့ရှိ မော်တော်ယာဉ် အရောင်းစင်တာ နှင့် ပြခန်းများတွင် ရှိသော အဆိုပါယာဉ် များကို ယခုနှစ်ကုန်ပိုင်းတွင် မူလနိုင်ငံများသို့ပြန်လည်ပေးပို့မည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခုနှစ် နှစ်ကုန်ပိုင်းတွင် တင်သွင်းထားသည့် မူလနိုင်ငံသို့ ပြန်ပို့မည့်ယာဉ် များမှာ ၂ဝဝ၃၊ ၂ဝဝ၄၊ ၂ဝဝ၅ မော်ဒယ်များ ဖြစ်ပြီး အစီးရေ သုံးထောင်ထက် မနည်းရှိကြောင်း သိရသည်။

ယခုနှစ်တွင် ဖျက်သိမ်းစာရင်းဝင် သွားသောယာဉ်များကို မူလနိုင်ငံများသို့ ပြန်လည် ပို့ဆောင်သည့် အရေအတွက်မှာ ပြီးခဲ့သည့် နှစ်ထက်စာလျှင် သိသိသာသာ လျော့ကျသွား ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.