Connect with us

Politics, Law & Military

ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံတွေ့ရှိ

ဆယ်ယူလို့ရသော လေယာဉ်ကိုယ်ထည် အစိတ်အပိုင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်၏ ကျန်ရှိနေသော လေယာဉ် အစိတ်အပိုင်းများအား ထပ်မံတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆိုနာစနစ်ဖြင့် ရှာဖွေရရှိသည့် ပုံရိပ်များ အပေါ်မူတည်၍ လေယာဉ်အမြီးပိုင်းရှာဖွေတွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေ ၂ စီးက ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေရာ လေယာဉ်အစိတ်အပိုင်းများအား ထပ်မံရှာဖွေ တွေ့ရှိဆယ်ယူ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပျက်ကျ လေယာဉ်ရှာဖွေတွေ့ရှိစေရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F 200 W အမျိုးအစား၊ လေယာဉ် အမှတ်-၅၈၂၀) သည် ဇွန် ၇ ရက်တွင် မြိတ်မှ ရန်ကုန်သို့ ပျံသန်းစဉ် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ပျက်ကျခဲ့ပြီး အဆိုပါလေယာဉ်နှင့်လိုက်ပါလာသော လူ၁၀၀ကျော် သေဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.