Connect with us

Politics, Law & Military

မောင်တောမြို့နယ်တွင် ဒေသခံ ခြောက်ဦးအသတ်ခံရပြီး နှစ်ဦးပျောက်ဆုံး

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာ အနောက်ဘက်၌ ဒေသခံ ခြောက်ဦး အသတ်ခံပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကိုင်းကြီး(မြို့)ရွာအနောက်ဘက်၌ သြဂုတ်လ ၃ရက်နေ့ နံနက်ပိုင်းတွင် သေနတ်သံများ ကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ကိုင်းကြီးကျေးရွာသား ခြောက်ဦး၏ အလောင်းများအား တွေ့ရှိခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ယင်းသေဆုံးသူများသည် ပျက်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ရှိပြီး ပျောက်ဆုံးလျက်ရှိသည့် မြိုတိုင်းရင်းသား ၂ ဦး အား ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများသည် မြိုတိုင်းရင်းသားများအား အကြောင်းမဲ့သတ်ဖြတ်သွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်း၊ လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.