Politics, Law & Military
ပျက်ကျY-8 လေယာဉ်၏ အင်ဂျင်တစ်လုံးနှင့် ပန်ကာရွက်သုံးခု ရှာဖွေဆယ်ယူနိုင်
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ပျက်ကျY-8 လေယာဉ်၏ အင်ဂျင်တစ်လုံးနှင့် ပန်ကာရွက်သုံးခု အပါအဝင် လေယာဉ်အစိတ်အပိုင်း များကို သြဂုတ်လ ၂၂ ရက်နေ့က ထပ်မံရှာဖွေဆယ်ယူရရှိ ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပျက်ကျY-8 လေယာဉ်၏ ကျန်ရှိ သေးသည့် လေယာဉ်အစိတ်အပိုင်း များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ် များနှင့် ဒေသခံ ငါးဖမ်းစက်လှေများ ပူးပေါင်း၍ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။(Xinhua)