Politics, Law & Military
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တပ်မတော်ကိုယ်စားလှယ် ၁၄ ဦးအစားထိုး ခန့်အပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် များတွင် တပ်မတော်ကိုယ်စားလှယ် ၁၄ ဦးအစားထိုး ခန့်အပ်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ဦးနှင့်တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇ ဦးတို့အား ဇန်နဝါရီ ၁၅ ရက်နေ့က အစားထိုး ခန့်အပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ်များ အစားထိုးရာတွင် ကချင်ပြည်နယ် လွှတ်တော် ၂ဦး၊ ချင်းပြည်နယ် လွှတ်တော် တစ်ဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော် နှစ်ဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် တစ်ဦးနှင့် ရှမ်းပြည်နယ်လွှတ်တော် တစ်ဦး အသီးသီး အစားထိုးပြောင်းလဲခဲ့ကြောင်း သိရသည်။(Xinhua)