Connect with us

Politics, Law & Military

၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင် ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင်ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲတွင် အိမ်ထောင်စုတစ်စုလျှင် မဲဆန္ဒရှင် တစ်ဦးသာ ဆန္ဒမဲပေးခွင့် ရခဲ့ကြောင်း၊ မဲစာရင်းအရေအတွက် များလာသကဲ့သို့ မဲရုံအရေ အတွက်လည်း များလာမည်ဖြစ်ကြောင်း၊ မဲပေးခွင့်ရှိတဲ့သူသည် သက်ဆိုင် ရာဒေသတွင်တစ်နှစ် စဉ်ဆက် မပြတ် နေတဲ့လူဖြစ်ရန်လိုအပ်ကြောင်း သိရသည်။

အဆိုပါ ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်အား မဲဆန္ဒနယ်ခြောက်ခု သတ်မှတ်ထားပြီး ယင်းမဲဆန္ဒနယ်ခြောက်ခုမှ ကော်မတီ ဝင်ခြောက်ဦး၊ မြို့နယ်စည် ပင်သာယာ ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်နှစ်ဦး စုစုပေါင်း ၁၀၅ ဦး ရွေးချယ်မည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ရွေးချယ်ခံရသည့် ကော်မတီဝင်ခြောက်ဦးထဲမှ ဒုတိယ မြို့တော်ဝန်တစ်ဦးကို လျှို့ဝှက်မဲစနစ် ဖြင့် ရွေးချယ်သွား မည်ဖြစ်ကြောင်း၊ ရွေးကောက်ခံကော်မတီဝင်စာရင်းကို ဧပြီလတွင် ထုတ်ပြန်ကြေညာရန် ခန့်မှန်းထားကြောင်း၊ ရွေးချယ်ခံရ သည့် ကော်မတီဝင်၏ သက်တမ်းမှာ နှစ်နှစ်ဖြစ်ကြောင်း၊ ယင်းရွေးကောက်ပွဲ နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့တော် ခန်းမရှိ အစည်းအ ဝေးခန်းမ(၄)၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင် သာယာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်နှင့် အဖွဲ့ဝင်များက တက်ရောက်လာသည့် သတင်း မီဒီယာများ၏ သိလိုသည်များကို ဖြေကြားခဲ့ကြောင်း သိရသည်။

သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသော ကိုယ်စားလှယ်လောင်း များအနေဖြင့် ၎င်းတို့နေထိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဇန်နဝါရီ ၁၈ ရက်မှ ၂၈ ရက်အထိ အဆိုပြုလျှောက်လွှာများ တင်သွင်း နိုင်ကြောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာကာ မဲဆွယ် စည်းရုံးရေးကာလကို ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ မတ် ၂၉ ရက်အထိ တစ်လသတ်မှတ်ထားကြောင်း ကြေးမုံသတင်း တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.