Politics, Law & Military
ဖောက်ခွဲမှုုပြုလုပ်သူသုံးဦးအနက် နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်စီနှင့် တစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ရှိ အိုရှင်းစူပါစင်တာနှင့် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝန်းအတွင်း ဖောက်ခွဲမှုပြုလုပ်သူသုံးဦးအနက် နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ်ဆီနှင့် တစ်ဦးအား အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ အသီးသီးချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
အိုးရှင်းစူပါစင်တာတွင် ၂၀၁၆ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရေအိမ်အတွင်းဝန်ထမ်းမှ သန့်ရှင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မရမ်းကုန်းမြို့မ ရဲစခန်း(ပ)၈၇၆/၂၀၁၆၊ ၁၉၀၈ ခုနှစ်၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၃ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံး၏ ရာကြီးအမှတ် ၉/၂၀၁၇ဖြင့် လက်ခံစစ်ဆေးခဲ့ သောအမှုမှ တရားခံအား ခရိုင်တရားသူကြီးမှ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်ချမှတ်
ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝန်းအတွင်း ၂၀၁၆ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့အတွင်း ဖောက်ခွဲမှုကျူးလွန်ခဲ့သည် တရားခံနှစ်ဦးအား ဒဂုံမြို့မရဲစခန်း(ပ)၂၂၉/၂၀၁၆၊ ၁၉၀၈ ခုနှစ်၊ ပေါက်ကွဲ စေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၃ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ရာ အနောက်ပိုင်းခရိုင် တရားရုံး မှ ရာကြီးအမှတ် ၁၃၆/၂၀၁၆ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ခရိုင်တရားသူကြီးမှ အလုပ်နှင့်
ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝန်းအတွင်း ပေါက်ကွဲမှုဖြစ်စဉ်တွင် ဖမ်းဆီးစစ်ဆေးနေသော တရားခံ လေးဦးအနက် နှစ်ဦးသည် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၈(၁)အရ အမှုမှ အပြီးအပြတ်လွတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များတွင် ပါဝင်သော တရားခံတစ်ဦးမှာ အိုရှင်းစင်တာနှင့် လွှတ်တော်ဝန်းအတွင်းတို့၌ ဖောက်ခွဲမှုပြုလုပ်ခဲ့သဖြင့် မရမ်းကုန်မြို့မရဲစခန်းနှင့် ဒဂုံမြို့မရဲစခန်းတို့တွင် ရေးဖွင်ခဲ့သည့် အမှုများအရ စုစုပေါင်းအလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)