Connect with us

Politics, Law & Military

ဘိုကလေးမြို့နယ်၌ ငွေစက္ကူအတုများဖမ်းဆီးရမိ

ငွေစက္ကူအတုများ နှင့်အတူဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၌ ၁၀,၀၀၀ကျပ်၊ ၅,၀၀၀ကျပ်၊ ၁,၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ၁၆း၄၅နာရီ အချိန်တွင် ဘိုကလေးမြို့မရဲစခန်း၏(ပ)၂၀၅/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၆ အမှုမှ ကွင်းဆက်တရားခံ ကျော်ကျော်မင်း (ခ) သိန်းဇော်ဦး (၄၀)နှစ် အား ဖမ်းဆီးရန်အတွက် သတင်းအရ ဘိုကလေးမြို့မရဲစခန်းမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဘိုကလေးမြို့နယ် မြို့အဝင်နတ်ချောင်း တံတားထိပ်၌ ကျော်စွာလွင်(စိစစ်ဆဲ) မောင်းနှင်လာသည့် 7I/ ×××× ထက်အောင်ကျော် ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ခုံအမှတ်(၆)တွင် စီးနင်းလိုက်ပါလာသော ကျော်ကျော်မင်း (ခ)သိန်းဇော်ဦးအား တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့နောက် ၎င်း၏ ပိုက်ဆံအိတ်နှင့် ကျောပိုးအိတ်အတွင်းတို့မှ ငွေစက္ကူအတု ၁,၀၀၀ ကျပ်တန် ၃၃ ရွက်၊ ၅,၀၀၀ ကျပ် တန် ၆၅ ရွက်၊ ၁၀,၀၀၀ ကျပ်တန် ၂၁ ရွက်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ကျော်ကျော်မင်း(ခ)သိန်းဇော်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.