Connect with us

Politics, Law & Military

မန္တလေးမြို့၌ လူစုလူဝေးဖြစ်ခဲ့မှုနှင့် ပတ်သက်ပြီး လူ၁၁ဦး ဖမ်းဆီး အရေးယူထားဟုဆို

မန္တလေးမြို့ ရဲစခန်းရှေ့သို့ လူစုလူဝေး လာရောက်နေစဉ်(ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊မတ် ၂၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အမှတ်-၄ နယ်မြေရဲစခန်း ရှေ့တွင် လူစုလူဝေးဖြစ်ပေါ်မှုတွင် ပါဝင်ပတ်သက်သူ ၁၁ဦးအား ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လူစုလူဝေးအား ဦးဆောင်ပြုလုပ်သူ ၄ ဦး(ကျား ၃၊ မ ၁) အား အမှတ်-၄၊နယ်မြေရဲစခန်း (ပ)၅၀/၂၀၁၈၊ ပပက၆(၁)ဖြင့်အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ဆိုင်ကယ်မျိုးစုံ ၁၃ စီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ၉x၈၀ လမ်းထောင့်နှင့် ၁၀x၈၀ လမ်းပေါ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါ အဖွဲ့ဖြင့် လုံခြုံရေးဆောင်ရွက်နေစဉ် လူ ၇ ဦးမှ ဆဲဆိုပြီး ကျောက်ခဲ/ပုလင်းများဖြင့် ပစ်ပေါက်ခဲ့သဖြင့် ည ၁၁နာရီ ၅၀တွင်အမှတ်-၄ နယ်မြေရဲစခန်း(ပ) ၅၁/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၃၅၃/ ၃၃၆/ ၁၁၄(ဆဲဆိုမှု/တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းအား လက်ရောက်မှု/ ခဲပေါက်မှု/ အားပေး ကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးငယ်တစ်ဦးအား ဓမ္မတာ ဆန့်ကျင်၍ ကာမဆက်ဆံမှုဖြင့် အရေးစစ်ဆေးနေသည့် တရားခံအား ထုတ်ပေးရန် မတ်လ ၁၈ရက်နေ့ ည၈နာရီခန့်က အမှတ်-၄၊ နယ်မြေရဲစခန်းရှေ့သို့ လူအင်အား ၄၀၀ ကျော်သည် စုရုံးရောက်ရှိလာပြီး အော်ဟစ်ဆဲဆိုခြင်း၊ ခဲများဖြင့်ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့၍ ၁၂ ဗို့ ပြောင်းချောဖြင့် မိုးပေါ်သို့ ၁ ချက် သတိပေးပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်း လူအုပ်မှခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲစခန်းဝင်းအတွင်းရှိ အမှတ်-၄၊ နယ်မြေရဲစခန်း (ပ)၃၂၈/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အမှုမှ 6G/×××× Alphard ယာဉ်(မြို့နယ်တရားရုံးမှ အပ်နှံထားသည့် သက်သေခံယာဉ်)၏ နောက်မှန်အကြီး ၁ ချပ်၊ ဘေးမှန် ၁ ချပ်နှင့် (ပ)၃၆၆/ ၂၀၁၇၊ပပက၆(၁)ဖြင့် သိမ်းဆည်းထားသည့် 8I/×××× Express မှန်လုံယာဉ်(တရားရုံး စစ်ဆေးဆဲ သက်သေခံယာဉ်)၏ ဘေးမှန် ၁ ချပ်နှင့် အချက်ပြမီးခွက် ၁ ခုတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.