Politics, Law & Military
မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေ လေးဦးဒဏ်ရာရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ မိုင်းပေါက်ကွဲမှုကြောင့် မုံးပေါ် အထက(ခွဲ)ကျောင်းမှ ကျောင်းသား တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မုံးပေါ် အထက(ခွဲ)ကျောင်းမှ ကျောင်းသားငါးဦးသည် ကျောင်းဆင်း၍ ဟိုနားကျေးရွာ သို့ပြန်လာစဉ် မန်ကျမ်ရွာနှင့် ဟိုနားရွာကြား လမ်းဘေးအရောက်တွင် သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ) မှ ထောင်ထားသောမိုင်းအား တွေ့ရှိပြီး အောင်လင်းထွန်း (၁၂)နှစ် မှ ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့ သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသည် မိုင်းစထိမှန် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်လေးဦး၌ ခန္ဓာကိုယ်အနှံ့တွင် ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။(Xinhua)