Connect with us

Politics, Law & Military

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ အစိုးရ အကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး

အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်မာအစိုးရ ကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အိန္ဒိယအစိုးရ ကိုယ်စား အိန္ဒိယနိုင်ငံ၊ Foreign Secretary,Dr. S. Jaishankar က ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုနှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အားဖြင့် ရခိုင်ပြည်နယ်၏ အခြေခံ အဆောက်အဦနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အတွက် အိန္ဒိယအစိုးရမှ မြန်မာအစိုးရအား ထောက်ပံ့ငွေအဖြစ် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၅ သန်းဖြင့် ၅ နှစ် အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်ရွက်မည့် စီမံကိန်းများအနေဖြင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှုနှင့် သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး ၊ စိုက်ပျိုးရေးနှင့် ဆက်စပ် လုပ်ငန်းများ၊ အခြေခံ အဆောက်အဦ ဖန်တီးပေးခြင်းများ၊ တံတားငယ်များ ဆောက်လုပ်ခြင်း ၊ လမ်းများ ပြုပြင်မွမ်းမံခြင်း၊ အသေးစား စွမ်းအင်စီမံကိန်းများ၊ အသက် မွေးဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းများ၊ လေ့ကျင့်ရေး စင်တာ တည်ထောင်ပေးခြင်းများ၊ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ် များအား ထိန်းသိမ်းခြင်းများ၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ကလေးသူငယ်များ ပြုစု စောင့်ရှောက်ခြင်း စသည့် လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.