Connect with us

Politics, Law & Military

မောင်တောမြို့နယ်တွင်း တရားမဝင် ဝင်လာသော ငါးဖမ်းလှေများအား ခြောက်လှန့်ပတ်ခတ်

တရားမ၀င် ၀င်လာသော ငါးဖမ်းလှေများအား ခြောက်လှန့်ပစ်ခတ်ရာပြ မြေပုံ (ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ် နတ်မြစ်အတွင်း ဖေဖော်ဝါရီ ၈ရက်နေ့ ည ၈နာရီခန့်တွင် တရားမဝင် ဝင်လာသော ငါးဖမ်းလှေများအား တပ်မတော်ရေယာဉ်မှ ခြောက်လှန့်ပတ်ခတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကညင်ချောင်းနှင့် ညောင်ချောင်းအနီးတွင် မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းလှေ ရှစ်စီးခန့်တွေ့ရှိခဲ့သဖြင့် တပ်မတော်ရေယာဉ်မှ မိမိတို့ပိုင်နက် အနီးဆုံး လှေသို့ စစ်ဆေးရန် သွားရောက်စဉ် တစ်ဖက်နိုင်ငံမှ ငါးဖမ်းလှေများမှာ ဂရုမစိုက်ဘဲ အန္တရာယ်ပြုရန် အတင်းဝိုင်းရံတိုးကပ်လာသဖြင့် စစ်သည်များ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအခြေနေများကြောင့် လက်နက်ငယ်(၂)ချက် ပစ်ခတ်ခဲ့ရာ ငါးဖမ်းစက်လှေ ပေါ်ရှိ လှေသား(၂)ဦးအား ထိမှန်လဲကျခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ကျန်လှေများမှာ တစ်ဖက် နိုင်ငံ ရေပိုက်နက်အတွင်း ပြန်လည်ထွက်ပြေးဝင်ရောက်သွားခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.