Connect with us

Politics, Law & Military

မောင်တောမြို့နယ်တွင် ကျပ်သိန်း၈၀,၀၀၀ ကျော်ဖိုးတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများ နှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ ဗောဓိကုန်းစစ်ဆေးရေးစခန်း၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့ KLUGER ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း မှ မြွေရေခွံအိတ် (၂) အိတ်ဖြင့် ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းပြား အား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်ရှာဖွေသည့်အခါ စိတ်ကြွရူးသွပ်ဆေးအချို့ နှင့် လက်နက်ခဲယမ်းအချို့ပါသိမ်းဆည်းရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စောင့်ဆိုင်းနေစဉ် ဥူးပညာနန္ဒ(ခ)မင်းနိုင် မောင်းနှင်ပြီး ဦးအာစာရ (ခ)အေးလွင် လိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်မှ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ပူးပေါင်းအဖွဲ့သည် ၎င်းတို့သီတင်းသုံးသည့် ရွှေဗဟိုရွာ၊ ရွှေဗဟိုဘုန်းကြီးကျောင်း ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈.၄ သိန်းပြား၊ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ ဖျူးစ် ၁ ခု၊ (၅.၅၆)ကျည် ၅၅ တောင့်၊ (၇.၆၂) ကျည် ၃၉ တောင့် တို့ထပ်မံသိမ်းဆည်းရမိသည်။

သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်းမှာ ၄၂.၄ သိန်းပြား ( ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၈၄,၈၀၀ သိန်းကျပ်) ဖြစ်သည်။ သံဃာ ၂ ပါးအား မောင်တောမြို့ မကျောင်းတိုက်တွင် သာသနာရေးဦးစီးဌာန တာဝန်ရှိသူများမှ ရွာသာယာကျောင်းထိုင် ဆရာတော် ထံတွင် သိက္ခာချလူဝတ်လဲပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၎င်းဆေးပြား များအား ရွှေဗဟိုဘုန်းကြီးကျောင်းတိုက်သို့ လာရောက်ပို့ဆောင်သူ လင်းအောင်ရွှေ ဆိုသူအား ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.