Politics, Law & Military
မောင်တောမြို့နယ်အတွင်း နေအိမ်များ ဆောက်လုပ်ပေးလျက်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
မောင်တောမြို့နယ်ရှိ ကျေးရွာပေါင်း ၂၆ ရွာတွင် နေထိုင်ခဲ့ သည့် အိမ်ထောင်စု ၇၉၈ စု၊ လူဦးရေ ၃၅၁ဝ အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့က နေအိမ် ၇၉၈ လုံး ဆောက်လုပ်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
မောင်တောမြို့နယ်အတွင်းရှိ သစ်တုံးနားခွဆုံကျေးရွာအုပ်စု၊ ပဒကား ရွာသစ်ကျေးရွာအုပ်စု၊ ဇော်မတက်ကျေးရွာအုပ်စု၊ မင်းကြီး ကျေးရွာအုပ်စု၊ လောင်းဒုံကျေးရွာအုပ်စု၊ အိုးထိန်းကျေးရွာအုပ်စု၊ မြို့မအရှေ့ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအုပ်စု၊ ရဲဘော်ကျ ကျေးရွာအုပ်စု၊ တောင်ပြိုကျေး ရွာအုပ်စု၊ မြို့မိချောင်းကျေးရွာအုပ်စု၊ အင်းဒင်ကျေးရွာအုပ်စု၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ ဘဒကား ရွာသစ်ကျေးရွာအုပ်စု၊ ကွမ်းသီး ပင်ကျေးရွာအုပ်စုနှင့် သက်ကိုင်ညာကျေးရွာအုပ်စုအတွင်းတွင်နေအိမ်များ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)