Connect with us

Politics, Law & Military

Yangon Water Bus ခရီးစဉ်အတွက် တိုးချဲ့ပြေးဆွဲရန် ရေယာဉ်အသစ်များရောက်ရှိ

Yangon Water Bus ပြေးဆွဲနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် ဖြေလျှော့ပေးနိုင်ရန် Yangon Water Bus ကို ပြေးဆွဲခဲ့ပြီး ရုံးပိတ်ရက်နှင့် နေ့ကြီး၊ ရက်ကြီးတို့တွင် စီးနင်း သူများပြားသောကြောင့် စင်းရေတိုးမြှင့် ပြေးဆွဲသည့်အနေဖြင့် ရေယာဉ်အသစ်ငါးစင်း ရောက်ရှိပြီဖြစ်၍ ရေယာဉ်စစ်ဆေးမှုပြီးစီးပါက ပြေးဆွဲမည့် အစီအစဉ်ကို သတင်းထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Water Bus ကို လက်ရှိ တွင်ရေယာဉ် ရှစ်စင်းဖြင့် ပြေးဆွဲလျက်ရှိပြီး တိုးချဲ့အစင်းရေနှင့် ဆိုပါက စုစုပေါင်း ၁၃စင်းပြေးဆွဲသွားမည်ဖြစ်ဖြစ်ကြောင်း သိရသည်။အင်းစိန်နှင့် ဗိုလ်တထောင်ဆိပ်ကမ်းတို့မှ နံနက် ၇ နာရီတွင် စတင်ပြေးဆွဲပေးလျက်ရှိပြီး ည ၉ နာရီတွင် ခရီးစဉ် ပြီးဆုံး ကာ အင်းစိန်ဆိပ်ကမ်းမှ လှိုင် (ရွှေပိတောက်) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ လမ်းသစ်ဆိပ်ကမ်း၊ ပန်းဆိုးတန်း ဆိပ်ကမ်းနှင့် ဗိုလ်တထောင်ဆိပ်ကမ်းသို့ နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့အလင်းသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.