Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တော၌ ကျပ် သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့ဖမ်းမိ

မောင်တော၌ ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများအား တွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကျပ် သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ် နယ်မြေ(၃)အတွင်းပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၁ရက်က နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ခန့်မှန်းမြေပုံညွှန်း ဒီယူ-၁၉၉၄၈၁ အနီးချောင်းရိုးလျှိုအတွင်းမှ တောတိုးသံနှင့် စကားပြောသံများကြားရ၍ သွားရောက်ရှင်းလင်းရာ လူများရှာဖွေတွေ့ရှိခြင်းမရှိဘဲ လျှိုအတွင်း၌ ပုဆိုးဖြင့်ထုပ်ဝှက်ထားသည့် အထုပ် ၃ ထုပ်အတွင်းမှ WY စိတ်ကြွဆေးပြား(၇၄၀၀၀)ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း တန်ဖိုး ၁၄၈,၀၀၀,၀၀၀ သိန်း)အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး တောင်ပြို(ယာ)နယ်မြေရဲစခန်းမူးယစ်(ပ)၁/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117