Connect with us

Politics, Law & Military

မောင်တောမြို့ ၆ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျပ်သိန်းပေါင်း ၃၉၀၀တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် သယ်ဆောင်လာသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မောင်တောမြို့ ၆ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘူးသီးတောင်မှ မောင်တောသို့ မောင်နှင်လာသည့် မသင်္ကာဖွယ် ဆိုင်ကယ် ၂ စီးအား စစ်ဆေးရာ ဆိုင်ကယ်များပေါ်တွင် တင်ဆောင်လာသည့် ကျောပိုးအိတ် ၂ လုံးအတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၉၅,၀၀၀ (တစ်ပြားလျင် ၂၀၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ပါက တန်ဖိုး ကျပ်သိန်းပေါင်း ၃၉၀၀) တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မေယုစစ်ဆင်ရေးဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၁နာရီ ၃၀ အချိန်တွင် မသင်္ကာဖွယ် ဆိုင်ကယ် ၂ စီးအား စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်များအား မောင်းနှင်လာသူများမှာ မောင်တောမြို့နယ် မောရဝတီကျေးရွာနေ သန်းဝင်း ၁၉ နှစ်၊ ရွာသာရွာ ကျေးရွာနေ ဇော်မင်းထွန်း ၁၆ နှစ်နှင့် ဖားဝပ်ချောင်း ကျေးရွာနေ မသန်းရီ ၃၈ နှစ်တို့ဖြစ်ကြပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ စိတ်ကြွဆေးပြားများအား မောရဝတီကျေးရွာရှိ မသန်းရီ၏ နေအိမ်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါနေအိမ်တွင် မသန်းရီနှင့် ဖအေတူ မအေကွဲ အစ်ကိုဖြစ်သူ စိတ်ကြွဆေးပြားပိုင်ရှင် စိုးဝင်း ၄၈ နှစ်မှ စောင့်ဆိုင်းနေကြောင်း၊ ကနဦးတွင် စိုးဝင်းမှ ၎င်းတို့ ၃ ဦးအား ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာသို့ ခေါ်သောကြောင့် ဆိုင်ကယ် ၂ စီးဖြင့် သွားခဲ့ကြောင်း၊ ညောင်ချောင်းကျေးရွာသို့ ရောက်သည့်အချိန်တွင် စိုးဝင်းမှ ၎င်းတို့ ၃ ဦးအား စိတ်ကြွဆေးပြားများ ထည့်ထားသော ကျောပိုးအိတ် ၂ လုံးကို အပ်နှံပြီး ဆိုင်ကယ်ဆီဖိုး ၁၀,၀၀၀ ကျပ်စီ ပေးခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့အဖွဲ့သည် ညောင်ချောင်းကျေးရွာမှ မောရဝတီကျေးရွာသို့ အဆိုပါစိတ်ကြွဆေးပြားများအား သယ်ဆောင်လာချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

မေယုစစ်ဆင်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက မသန်းရီ၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ စိုးဝင်းနှင့် ဇနီးတို့မှာ လွန်ခဲ့သော နာရီဝက်ခန့်က ထွက်ပြေးသွားပြီဖြစ်ကြောင်းသိရှိရသည်။ဖမ်းဆီးရမိသူများအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း ဆက်လက် ရှာဖွေစုံစမ်းဖေါ်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.