Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အတွက်ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ (Myanmar Coast Guard) ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီခွဲ တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ကမ်းရိုးတန်းအရှည် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသည့် နိုင်ငံဖြစ်သည်နှင့်အညီ မိမိကမ်းရိုးတန်းနှင့် ရေပြင်နယ်နိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပင်လယ်ရေကြောင်း အန္တရာယ်ကင်းရှင်း ရေးနှင့် ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေး စသည့် Traditional Security Measures များအပြင် ကမ်းလွန်တူးဖော်ရေးလုပ်ငန်းများ၊ တိုးချဲ့တည်ဆောက်လာသော ရေနက်ဆိပ်ကမ်းများနှင့် သဘာ၀ ပတ်ဝန်းကျင်၊ သယံဇာတများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ ခေတ်ကာလအလိုက် တိုးတက်ဖြစ်ပေါ်လာသော စိန်ခေါ်မှု များဖြစ်သည့် ရေကြောင်းမတော်တဆမှုများ၊ သဘာ၀ ဘေးအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်း ရန်နှင့် ရေထုညစ်ညမ်းမှု ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

ထို့ပြင် Non-Traditional Maritime Security Threats များ ဖြစ်သည့် လူကုန်ကူးခြင်း၊ တရားမဝင် ဝင်ရောက်ခြင်း၊ မှောင်ခို လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း များ အပြင်IUU (Illegal, Unlawful, Unregulated Fishing) တရားမဝင် ငါးဖမ်းခြင်းစသည့် ဥပဒေမဲ့လုပ်ရပ်များ ကို ထိရောက်စွာ ကာကွယ်တားဆီးရန် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုသို့ဖွဲ့စည်းဆောင်ရွက်ရာတွင် မည်သည့် နည်းလမ်းက အသင့်တော်ဆုံး ဖြစ်မည်၊ မည်သည့်အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းစေသင့်သည်၊ မည်သို့ဖွဲ့စည်းသင့်သည်၊ မည်သည့် ဥပဒေအရ စီမံကွပ်ကဲရမည် စသောအချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဌာန အသီးသီးမှ ကိုယ်စားလှယ်များက ဆွေးနွေးနိုင် ရန်နှင့် ၎င်းတို့၏ အားနည်းချက်၊ အားသာချက်၊ စိန်ခေါ်မှုများနှင့် ရရှိ နိုင်မည့် အခွင့်အလမ်းများ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာဆန်းစစ်ခြင်းများ ပြုလုပ်ပြီး အရေအတွက်နှင့် အရည်အသွေးအရ ဆန်းစစ်ခြင်း များပြုလုပ်ရန် လိုအပ်ကြောင်း၊ အဆိုပါ ရရှိလာသော အကဲဖြတ် ချက် ရလဒ်များအပေါ်အခြေခံ၍ ဆောင်ရွက်သင့်မှုကို နိုင်ငံတောသမ္မတရုံးသို့ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.