Connect with us

Politics, Law & Military

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လေကြောင်းတိုးချဲ့ပျံသန်းရေး ဆွေးနွေး

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လေကြောင်းတိုးချဲ့ပျံသန်းရေးဆွေးနွေးစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လေကြောင်းတိုးချဲ့ပျံသန်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာဘူလောင်တို့ စက်တင်ဘာ ၁၃ ရက်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ် ကျော် ပို့ဆောင်မှု အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာရေးထိုးနိုင်ရေး၊ လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်းရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရေး၊ ရေကြောင်း ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍ၊ လူ့အရင်းအမြစ်ဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် အနာဂတ် တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်း ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.