Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ကွင်းဆင်းလေ့လာသုံးသပ်မည်

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ပထမအကြိမ်အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-Imformation Committee)

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီသည် သက်ဆိုင်ရာ ကော်မတီဝင် ဝန်ကြီးဌာနများအလိုက် ကွင်းဆင်းလေ့လာသုံးသပ်ခြင်းကို ရက်သတ္တပတ် (၂)ပတ်အတွင်းအပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မတီ၏ ပထမ အကြိမ် အစည်းအဝေးမှ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ စက်တင်ဘာ ၁၄ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်ခဲ့သည်။

ထိုစီမံချက်မှထွက်ပေါ်လာသော ဆောင်ရွက် ရန်ကိစ္စများကို ဦးစားပေးအဆင့် သက်မှတ်ကာအကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကော်တီ ဥက္ကဋ္ဌြ ဖစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထိုကော်မတီသည် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် နှင့် မောင်တောဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင် တို့၏ အကြံပြုချက်များ အနက် ပြည်သူအကျိုးရှိပြီး လက်ရှိ မြေပြင်အခြေအနေ နှင့် လိုက်လျောညီထွေဖြစ်သော အချက်များကို ဆောင်ရွက်ရန်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

အစိုးရသစ် တာဝန် ရယူပြီး မကြာမီ ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့က စတင်၍ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှု နှင့်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟို ကော်မတီနှင့် လုပ်ငန်း ကော်မတီ(၄)ရပ်ကို ဖွဲ့စည်းပြီးလုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အစည်းအဝေးတွင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကကော်မရှင်(၂)ရပ်၏အကြံပြုချက်များကိုအကောင်အထည်ဖေါ်ရာတွင် ဖြစ်နိုင်ခြေရှိသည်များကို ဦးစားပေးအလိုက်ဖေါ်ထုတ်၍ ရေရှည်အတွက် လက်တွေ့ ကျကျဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အပြောင်းအလဲကိုသိသိ သာသာဖြစ်ရေး လုပ်ဆောင်ဖို့လိုအပ်ပါကြောင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအပြင်နိုင်ငံရေးကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါကြောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကော်မတီ၏ လုပ်ငန်းတာဝန်(၁၀)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍ အလိုက်စီမံချက်များရေးဆွဲနိုင်ရေးနှင့်လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်သည့် စီမံချက်များဖြစ်ဖို့လိုကြောင်း၊ဒုတိယဝန်ကြီးဦးခင်မောင်တင်ကသီးခြားရုံးဖွင့်လှစ်ဆောင်ရွက် ရေး၊အကြံပြုချက်များအပေါ် အကောင်အထည်ဖေါ် ဆောင်ရွက်မည့်ဌာနများ သတ်မှတ် တာဝန်ပေးအပ်ရေး၊ လစဉ်အစီရင်ခံစာများပြုစုတင်ပြရေးနှင့် လက်တွေ့ကျပြီး အကျိုး ဖြစ်ထွန်းသည့် စီမံချက်များဖြစ်စေရေးအတွက် ရခိုင်ပြည်နယ်သို့ကွင်းဆင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ကော်မတီ ဖွဲ့စည်းမှု၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် သီးခြား ဆောင်ရွက် ရမည့်ကိစ္စရပ်များ ၊ သက်ဆိုင်ရာ ဌာနများ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိစ္စရပ်များအား တက်ရောက်လာသည့်ကော်မတီ အဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်ထည်ဖော်ရေးကော်မတီအား နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၂ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်သည်။ (Xinhua)