Politics, Law & Military
မြိတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၈၃,၀၀၀ကျော် ဖမ်းမိ
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
မြိတ်မြို့နယ်၊ ချောင်းတူးငယ်ကျေးရွာ၊ ရွှေပြည်သာလမ်းရှိ စိုက်ခြံ အတွင်း သြဂုတ် ၂၉ ရက်က စိတ်ကြွရူးသွပ်ဆေးပြား ၈၃,၀၀၀ကျော် ဖမ်းမိရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ စိုက်ခြံ အတွင်း မသင်္ကာဖွယ်ပုံးတစ်ပုံးတွေ့ရှိကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ စိုက်ခြံနှင့်(၈)ပေ ခန့်အကွာရှိ မြေကြီးအတွင်း အဝါရောင် (၅)ဂါလံပုံးဖြင့်ထည့်ထားသည့် လက်ဆွဲအိတ်နှစ်လုံးအတွင်းမှ ကပ်ခွာအိတ် များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၈၃,၀၃၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်း သိမ်းဆည်းရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)