Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ ကျူးကျော်တဲ ၂၀၀၀ကျော် ရှင်းလင်းပြီးဟုဆို

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်ရှိ ကျူးကျော်တဲများအား ရှင်းလင်းနေစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် (၃)မိုင်မှ (၅)မိုင် (၃)ဖာလုံကြားရှိ ကျူးကျော်တဲများကို ဇွန် ၁၂ ရက်နေ့တွင် စတင်ရှင်းလင်းရာ ယနေ့ ဇွန် ၁၆ ရက်နေ့ထိ ကျူးကျော်တဲ ၂၀၀၀ကျော် ရှင်းလင်းထားပြီးဖြစ်ကြောင်း မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ယင်း အမြန်လမ်းမကြီး ယာဘက်၌် ဇွန် ၁၂ရက်နေ့တွင် ကျူးတဲ ၄ဝဝ ခန့်ကို ရှင်းလင်း ခဲ့ပြီး ဇွန် ၁၃ ရက်တွင် ကျူးတဲ ၇ဝဝ၊ ဇွန် ၁၄ ရက်တွင် ကျူးတဲ ၈ဝဝ နှင့် ဇွန် ၁၅ ရက်တွင် ကျူးတဲ ၉ဝဝ ကျော်ကို ရှင်းလင်းထားပြီး ယနေ့ချိန်ထိ ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း၊ အမြန်လမ်းမကြီး၏ဝဲဘက် နေပြည်တော် အထွက် ဘက်ခြမ်းတွင်လည်း အိမ်ခြေ ၁၆ဝဝဝ ကျော် တဲများ ရှင်းလင်းရန် ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ အမြန်လမ်းမကြီးဘေးရှိ မြေနေရာသည် ယခင်က စိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်သောနေရာဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွက် ယခုလို ကျူးကျော်ဆောက်လုပ်သည့်အတွက် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရှင်းလင်း ဖယ်ရှားပြီးသောနေရာဖြစ်ကြောင်း သိရ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.