Connect with us

Politics, Law & Military

Y-8 လေယာဉ်ပျက်ကျမှု အကြောင်းရင်းအား ဆက်လက်ဖော်ထုတ်မည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆို

Y-8 လေယာဉ်ပျက်ကျမှုတွင် ပါသွားသူများ၏ မိသားစုဝင်များအား လှူဒါန်းငွေများ ပေးအပ်နေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

Y-8 လေယာဉ်ပျက်ကျမှု အကြောင်းရင်းအား ဆက်လက်ဖော်ထုတ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ကျန်ရစ်သူမိသားစုများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မည်သို့မှမမျှော်မှန်းနိုင်သည့် ယခုဖြစ်စဉ်အတွက် ကျန်ရစ်သူမိသားစုများနှင့် ထပ်တူခံစား ရပြီး တပ်မတော် အနေဖြင့်လည်း ဖြစ်စဉ်စတင်သိရှိချိန်မှစ၍ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်နေကြောင်း၊ ဇွန် ၁၅ ရက်တွင် ပျက်ကျလေယာဉ်၏ အမြီးပိုင်းကို စတင်တွေ့ရှိခဲ့ပြီး လေယာဉ်ပျက်ကျမှု အကြောင်းအရင်း အား ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း၊ တွေ့ရှိချက်များကိုလည်း အမှန်အတိုင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ လေယာဉ်ပျက်ကျမှု၌ ကျန်ရစ်သူမိသားစုဝင်များ၏ လတ်တလောနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စအ၀၀ကို စီမံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ရှေ့ဆက်ရမည့် ဘဝနောင်ရေးအတွက်လည်း အကောင်းဆုံးဖြစ်အောင် စီမံလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ ဇွန် ၁၆ ရက်နေ့ နံနက် ၉ နာရီ တွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ ရုံးခန်းမ၌ ပျက်ကျလေယာဉ်တွင် ပါရှိသွားသည့် လေယာဉ်အမှုထမ်း ၁၄ ဦးနှင့် အခြားအရာရှိ၊ စစ်သည်၊ မိသားစုဝင် ၄ ဦးတို့၏ ကျန်ရစ်သူ မိသားစုဝင်များအားလည်းကောင်း၊ ထားဝယ် မြို့၊ နယ်မြေခံတပ်ဧည့်ရိပ်သာ၌ ပျက်ကျလေယာဉ်တွင်ပါရှိသွားသည့် စစ်သည်၊ မိသားစု ၄ ဦးတို့၏ ကျန်ရစ်သူမိသားစုများအားလည်းကောင်း၊ မြိတ်တပ်နယ်နှင့် မြိတ်လေတပ်စခန်းဌာနချုပ်တို့မှ ပျက်ကျလေယာဉ်တွင် ပါရှိသွားသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူမိသားစုများအား လည်းကောင်း အသီးသီးကို အားပေးစကားပြော၍ တစ်ဦးချင်းစီကို လှူဒါန်း ငွေများ ပေးအပ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.