Connect with us

Politics, Law & Military

ရွေးကောက်ပွဲတွင် အမျိုးသား တိုးတတ်ရေး ပါတီမှ စတုတ္ထ အများဆုံး ကိုယ်စားလှယ်လောင်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမှာ စီမံခန့်ခွဲမှုဗျူဟာ ချမှတ်မှု မှန်ကန်ခြင်းကြောင့် ဖြစ်ဟုဆို

အမျိုးသား တိုးတတ်ရေး ပါတီဥက္ကဌ ဒေါက်တာ နေဇင်လတ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

လာမည့် ရွေးကောက်ပွဲတွင် အမျိုးသား တိုးတတ်ရေး ပါတီသည် ကိုယ်စားလှယ်လောင်း စတုတ္တ အများဆုံး အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမှာ စီမံခန့်ခွဲမှု ၊ ဗျူဟာ ချမှတ်မှုများ မှန်ကန် သည့်အတွက်ကြောင့် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း စာရင်းတွင် တပ်မတော်မှသော်လည်းကောင်း ၊ အစိုးရအဖွဲ့ဝန်ကြီးဟောင်း ၊ ပြည်ခိုင်ဖြိုးပါတီမှ နာမည်ကြီး တစ်ယောက်မျှ သော်လည်းကောင်း မပါဝင်ကြောင်းကို ပါတီဥက္ကဌဖြစ်သူ နိုင်ငံတော် သမ္မတ၏ အကြံပေးဟောင်း ဒေါက်တာ နေဇင်လတ်က ယနေ့သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမျိုးသား တိုးတတ်ရေးပါတီ ဥက္ကဌ ဒေါက်တာ နေဇင်လတ်က “ပါတီမူဝါဒက ရွေးထားတဲ့ အမှတ်တံဆိပ်က အစ အဓိပ္ပာယ် ရှိပါတယ်။ ကဒေါင်းကို ရွေးထားပါတယ်။ ကဒေါင်းဆိုတာ အားလုံးကို လက်ကမ်းကြိုဆိုတဲ့ သဘော ဖြစ်ပါတယ်။ ရပ်တည်ချက် ၊ မူဝါဒ တူတဲ့သူတွေဆိုရင် ပူးပေါင်းဖို့အဆင်သင့်ပါပဲ။ ပါတီမူဝါဒနဲ့ကိုက်ညီတဲ့သူတွေနဲ့ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ အပြင်အနေနဲ့ဘယ်ပါတီ ထောက်ခံပြီး ဘယ်ပါတီကို မထောက်ခံဘူးဆိုတာတော့ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။

အမျိုးသား တိုးတတ်ရေး ပါတီတွင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် “ခြုံပြောရရင် စီမံခန့်ခွဲမှုကို မှန်မှန်ကန်ကန် လုပ်နိုင်တယ်။ ဗျူဟာ ချမှတ်မှု မှန်တယ်။ တာဝန်ယူတဲ့သူတွေ အကုန်လုံးက ကိုယ့်တာဝန် ကိုယ် သိပြီးတော့ အားလုံး ကြိုးစားကြပါတယ်။ အများအားဖြင့် ၉၈ ရာခိုင်နှုန်းလောက်က သ့ူနယ်က လူကို ပြန်ရွေးချယ်ထားတာပါ”ဟု ၎င်းက ပြောသည်။

အမျိုးသား တိုးတတ်ရေး ပါတီသည် ရန်ကုန် ၊ ပဲခူး ၊ မန္တလေး ၊ မွန် တို့တွင် ကိုယ်စားလှယ်လောင်း ဝင်ရောက် ယှဉ်ပြိုင်မှု အများဆုံး ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော် အတွက် ၁၃၄ ဦး ၊ အမျိုးသား လွှတ်တော် အတွက် ၆၀ ဦးနှင့် တိုင်းဒေသကြီး / ပြည်နယ် လွှတ်တော် အတွက် ၁၆၀ ဦး စုစုပေါင်း ၃၅၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်း သွင်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.