Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စိစစ်မယ့် နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ်လကုန်ထိ ၄ ရက်ထပ်တိုး

ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက် (ဓာတ်ပုံ- UEC)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း စိစစ်မယ့် နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ်လကုန်ထိ ၄ ရက်ထပ်တိုးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဝက်ဘ်ဆိုဒ်တွင် ယနေ့ တရားဝင် ကြေညာသည်။

လွှတ်တော် ကိုယ်စားလှယ် လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့် ရက်အား၂၀၁၅ ခုနှစ် သြဂုတ်လ ၁၈ ရက်မှ ၃၁ ရက် အထိ ပြောင်းလဲပြင်ဆင် တိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရက်တိုးခြင်းဟာ ဒုတိယ အကြိမ်မြောက် ရက်ထပ်တိုးခြင်း ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့တွင်လည်း ကိုယ်စားလှယ်လောင်း စိစစ်ရန် နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ်လ ၂၇ ရက် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117