Politics, Law & Military
ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက် အတွင်းမတင်သွင်းသော ကိုယ်စားလှယ်လောင်းအား အရည်အချင်းပျက်သူအဖြစ် ကြေညာ

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက် အတွင်းတင်သွင်း ခြင်းမရှိသည့် လွှတ်တော် ကိုယ်စားလှယ် လောင်းတို့အား အရည်အချင်းပျက်ယွင်းသူများအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း မတင်သွင်းသော ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ထွန်းနှင့် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွှန့်လှိုင်တို့အား အရည်အချင်းပျက်ယွင်းသူများအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်း အရည်အချင်းပျက်သူအဖြစ် ကြေညာခံရသူများသည် လက်ရှိ လွှတ်တော် သက်တမ်းအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၁၇ ဧပြီ ၁ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်ကို ဥပဒေသတ်မှတ်ချက်နှင့် အညီ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)