Politics, Law & Military
ရွှေဆိုင်အား သေနတ်ပစ်ခတ်ပြီး အနုကြမ်းစီးသူ ဖမ်းမိ
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဖြူစင်သန့်ရွှေဆိုင်အား သေနတ်ပစ်ခတ်ပြီး ဝင်ရောက်အနုကြမ်းစီးသူအား ဖမ်းဆီးရမိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါဖြစ်စဉ် ကျူးလွန်သူအား ဥပဒေအရ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာ ပြစ်မှုကျူးလွန်သူ ကော့ကရိတ်မြို့နယ်၊ ဆိပ်ဖူးကုန်းကျေးရွာနေ အလား (ခ) ကျင်ဦး (ခ) ဆိပ်ဖူးကုန်း (ခ) အောင်ကျင်သိန်းအား ၃၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ၊ ယင်း တရားခံအား ဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖြူစင်သန့်ရွှေဆိုင်အား ဝင်ရောက်အနုကြမ်းစီးပြီး ပိုင်ရှင်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဇွန် ၁၀ ရက်က ဖြစ်ပွားခဲ့သည်။(Xinhua)