Politics, Law & Military
လမ်း/တံတား အသုံးပြုခ ကောက်ခံသည့် ဂိတ်ပေါင်း (၁၆၁) ဂိတ်ကို ဧပြီလ (၁) ရက်နေ့မှ စ၍ ကောက်ခံခြင်း မပြုတော့ဘဲ ဖြေလျော့ ပေးသွားမည်

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ လမ်း/တံတား အသုံးပြုခ ကောက်ခံသည့် ဂိတ်ပေါင်း (၁၆၁) ဂိတ်ကို ၂၀၁၆ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စ၍ ကောက်ခံခြင်း မပြုတော့ဘဲ ဖြေလျော့ ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။
ကယားပြည်နယ် (၄) ဂိတ် -စစ်ကိုင်းတိုင်း ဒေသကြီး (၃၉) ဂိတ် -တနင်္သာရီတိုင်း ဒေသကြီး (၉) ဂိတ် -ပဲခူးတိုင်း ဒေသကြီး (၉) ဂိတ် -မကွေးတိုင်း ဒေသကြီး (၂၂) ဂိတ် -မန္တလေးတိုင်း ဒေသကြီး (၆) ဂိတ် -မွန်ပြည်နယ် (၄) ဂိတ် -ရခိုင်ပြည်နယ် (၁၈) ဂိတ် – ရန်ကုန်တိုင်း ဒေသကြီး (၃)ဂိတ် -ရှမ်းပြည်နယ် (၂၅) ဂိတ် – ဧရာဝတီတိုင်း ဒေသကြီး (၂၂) ဂိတ် စုစုပေါင်း ဂိတ်အရေအတွက် (၁၆၁) ဂိတ်အား တံတား အသုံးပြုခ ကောက်ခံခြင်း ဖြေလျော့သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)