Connect with us

Politics, Law & Military

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဒေါက်တာ မျိုးအောင်ကို ခန့်အပ် တာဝန်ပေး

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဒေါက်တာ မျိုးအောင်ကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အမိန့်အမှတ် ၈/၂၀၁၆ ကို ထုတ်ပြန်ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဒေါက်တာ မျိုးအောင်ကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အမိန့်အမှတ် ၈/၂၀၁၆ ကို ထုတ်ပြန်ကြေညာခဲ့သည်။

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံရသူ ဒေါက်တာ မျိုးအောင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားပြု၍ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ် နှင့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲများတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်များမှ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ် တာဝန်ပေးအပ်ခံရသူ ဒေါက်တာ မျိုးအောင်သည် နိုင်ငံတော် သမ္မတအား တာဝန်ခံရမည် ဖြစ်ပြီး နေပြည်တော် ကောင်စီ ဥက္ကဋ္ဌသည် လွှတ်တော် တစ်ရပ်ရပ်၏ ကိုယ်စားလှယ် ဖြစ်လျှင် ကောင်စီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံရသည့် နေ့မှ စ၍ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်း ပါရှိသည်။

နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၏ ရာထူး သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်း အတိုင်း ဖြစ်သည်။နေပြည်တော် ကောင်စီ ဥက္ကဋ္ဌသည် ရာထူး အလျောက် နေပြည်တော်၏ မြို့တော်ဝန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.