Connect with us

Politics, Law & Military

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဒေသမိုင်း တစ်လုံး တေ့ွရှိ

ဒေသမိုင်းအားတစ်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မူဆယ်မြို့နယ် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်း၊ မော်တောင်းကျေးရွာနှင့် တာလုံကျေးရွာကြား နမ့်ဖာတန် ရွာလမ်းခွဲ မိုင်တိုင် (၂၆၉/၅) ၌ စနက်တံ ၂ ချောင်း ဝါယာကြိုး ၄ ချောင်း၊ ဘတ်တ္ထရီပက် ၁ ခုတို့ဖြင့် တွဲလျက် ကော်ဖြင့်ပြုလုပ်ထားသည့် ရှေ့ထွက်မိုင်း ၁ လုံးနှင့် ၄၀ မမ ဗုံးသီး ၁ လုံးတို့အား တေ့ွရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ မိုင်းအား ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီ ၄၀ အချိန်တွင် တွေ့ရှိခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.