Connect with us

Politics, Law & Military

မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ခရီးသွား လုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-- Myanmar president office)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆင်တို့တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ခရီးသွား လုပ်ငန်းကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေး တိုးတက် ခိုင်မာစေရေး၊ မြန်မာနိုင်ငံရှိ ပုဂံဒေသနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ဆီရမ်ရိ(ပ်)ဒေသတို့ တွင် နှစ်နိုင်ငံအကြား ခရီးသွား လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ မြန်မာနိုင်ငံ ပုဂံမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)မြို့သို့ မြန်မာနိုင်ငံမှ ယခင်ကပျံသန်း ပြေးဆွဲခဲ့သည့် လေကြောင်းလိုင်းအား ပြန်လည်ပျံသန်း ပြေးဆွဲရေးနှင့် နှစ်နိုင်ငံ အစိုးရချင်းသာမက ပြည်သူများအကြား ပူးပေါင်းဆက်နွှယ်မှု ပိုမိုမြှင့်တင်နိုင်ရန် နှစ်နိုင်ငံ ဘာသာစကားနှင့် စာပေများအား အပြန်အလှန် ဖလှယ်သင်ကြားရေး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲကုန်သွယ်မှု ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ရန် အခွန်နှစ်ထပ် မကောက်ခံရေး နှစ်နိုင်ငံသဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးတို့ကို ဆွေးနွေးကြသည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ သာသနာပြန့်ပွားရေးအတွက် မြန်မာနိုင်ငံမှ လိုအပ်သည့် အကူအညီများ ဆက် လက်ထောက်ပံ့ ကူညီသွားရေးနှင့် နှစ်နိုင်ငံပူးတွဲ ကော်မရှင်အစည်းအဝေး ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.