Connect with us

Politics, Law & Military

လေယာဉ်လောင်စာဆီများ ဖြန့်ဖြူးရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၅၁ သန်းရင်းနှီးမြှုပ်နှံသွားမည်

Puma Energy Group ပုံအားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊အောက်တိုဘာ၁၈ရက်(ဆင်ဟွာ)

ပူးမားစွမ်းအင်စု( Puma Energy Group) ကုမ္ပဏီ နှင့် စွမ်းအင်ဝန်ကြီးဌာနတို့သည် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် လေယာဉ်လောင်စာဆီများ ဖြန့်ဖြူးရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၅၁ သန်းရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖက်စပ်ရင်းနှီးမြှုပ်နှံမှုကို လုပ်ကိုင်ရာတွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ ၅၁ ရာခိုင်နှုန်း၊ ပူးမားစွမ်းအင်စု( Puma Energy Group) ကုမ္ပဏီ မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည်။

ပူးမားစွမ်းအင်စု( Puma Energy Group) ကုမ္ပဏီ အနေဖြင့် လေယာဉ်လောင်စာဆီ ဖြန့်ဖြူးရေးလမ်းကြောင်းများတိုးချဲ့ရန် ၊ ကားများဝယ်ယူရေးအပါအဝင် အမေရိကန်ဒေါ်လာ ၂၅ သန်းရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းကမူ ကျန်သည့်ရင်းနှီးမြှုပ်နှံမှုပမာဏအား ထည့်ဝင်မည်ဖြစ်ပြီး ၎င်း ရင်းနှီးမြှုပ်နှံမှုထဲတွင် ကုန်ကြမ်းပစ္စည်း နှင့် ဝန်ထမ်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဒုံလေဆိပ်အတွက် လေယာဉ်လောင်စာဆီလိုအပ်မှုမှာ လက်ရှိအနေအထားအရ တစ်ရက်လျှင် ဂါလံ ၅၃,၀၀၀ရှိကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.