Connect with us

Politics, Law & Military

ဖွံ့ဖြိုးရေး လုပ်ဆောင်ပါက ထိရောက်ပြီး အမှန် တကယ် အကျိုးပြုနိုင်သည့် စီမံကိန်းများဖြင့် လုပ်ဆောင်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ရခိုင်ခရီးစဉ် အတွင်း ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဟောပြောနေစဉ် (ဆင်ဟွာ)

သံတွဲ ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် အတွင်း ဖွံ့ဖြိုးရေး နည်းပါးသည်ကို သတိပြုမိပြီး ဖွံ့ဖြိုးရေး လုပ်မည် ဆိုပါက ထိထိရောက်ရောက်နှင့် အမှန် တကယ် အကျိုးပြုနိုင်သည့် စီမံကိန်းများဖြင့် လုပ်ဆောင်ရန် အင်မတန်မှ လိုအပ်သည်ဟု ထင်မြင်ပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

စစ်မှန်သည့် ဖွံ့ဖြိုးရေးသည် အများစု ချမ်းသာရမည် ဖြစ်ပြီး အများက အေးအေးချမ်းချမ်း ၊ ဖူဖူလုံလုံနှင့် နေနိုင်ရမည် ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၆ ရက် တောင်ကုတ် ပြည်သူလူထု ဟောပြောပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ၁၀ နှစ်ကျော်ကြာ တကျော့ပြန် သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး ခရီးစဉ်မှာ အတွင်း ပြုလုပ်ခဲ့သည့် တောင်ကုတ် ၊ သံတွဲမြို့နယ်များ၌ ဟောပြောပွဲများ ပြီးစီးသည်အထိ နှောင့်ယှက် တားဆီးမှု တစ်စုံတရာ ပေါ်ပေါက်ခြင်း မရှိဘဲ အဆင်ပြေ ချောမွေ့စွာ စည်းရုံးရေး ဆောင်ရွက်နိုင်ခဲ့သည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ် မစတင်မီ သံတွဲမြို့၌ ကန့်ကွက် ဆန္ဒပြရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ လျှောက်ထားမှုများ ရှိခဲ့သော်လည်း ခရီးစဉ်အတွင်း အနှောင့်အယှက် ကန့်ကွက်မှု တစ်စုံတရာ မတွေ့ရှိခဲ့ရဘဲ လူထုတွေ့ဆုံ ဟောပြောပွဲများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင် ခရီးစဉ် စတင်သည့် နေ့မှ စ၍ သွားရောက်ဟောပြောခဲ့သည့် တောင်ကုတ် ၊ သံတွဲ ပြည်သူလူထု ဟောပြောပွဲသို့ပြည်သူ ထောင်ပေါင်းများစွာ တတ်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူများက လူမျိုးရေး ၊ ဘာသာရေး များနှင့် ပတ်သက်၍ စိတ်ဝင်စား မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။
“ကျွန်မ ဒီမှာ လာတဲ့အခါမှာ အရပ်ရပ် အနယ်နယ်မှာ ကြားခဲ့ရတဲ့ မေးခွန်းတွေ ၊ ပြည်သူ တွေရဲ့စိုးရိမ်မှု တွေနဲ့ပတ်သက် လို့ရှင်းနိုင်သလောက် ရှင်းသွားပါမယ်။ အခု ရွေးကောက်ပွဲ စည်းရုံးရေး ကာလမှာ သတိထားမိတာက ရခိုင်ပြည်နယ်မှာတင် မဟုတ်ပါဘူး။တစ်နိုင်ငံလုံးမှာ လူမျိုးရေး ၊ ဘာသာရေး တွေကို အသုံးချပြီး စည်းရုံးရေး လုပ်နေတယ် ဆိုတာ သတိပြုမိပါတယ်။ ဒီလို လုပ်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မကိုက်ညီဘူး ဆိုတာကို ပြည်သူတွေ အားလုံး သိဖို့လိုပါတယ် ”ဟု ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၇ ရက် သံတွဲဟောပြောပွဲတွင် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့ပြင် လူမျိုးရေး ၊ ဘာသာရေး ကိစ္စများနှင့် ပတ်သက်၍ ယင်းကိစ္စများကို နိုင်ငံရေးအရ စည်းရုံးရန် အသုံးပြုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်သည် ဆိုသည်ကို ပြည်သူလူထုများ မသိကြဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပါက ဥပဒေအရ အရေးယူနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၆ ရက် တောင်ကုတ်ဟောပြောပွဲတွင် တိုက်တွန်း ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း အဖွဲ့ချုပ် အဖွဲ့ဝင်များ ၊ မြို့နယ်အဖွဲ့ဝင်များက ၎င်း၏ လုံခြုံရေးကို အထူး အလေးထား ဆောင်ရွက်မှုများ ရှိပြီး ယခင် သွားရောက်ခဲ့သည့် ခရီးစဉ်များထက် လုံခြုံရေး ပိုမို ဂရုပြုသကဲ့သို့သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူများ မှလည်း လုံခြုံရေး စောင့်ရှောက်မှုများ ပေးထားသည်ကို တွေ့မြင်ရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်သို့အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ခရီးစဉ်အတွင်း တောင်ကုတ် ၊ သံတွဲ ၊ ဂွ မြို့နယ်များ သို့ သွားရောက်မည် ဖြစ်ပြီး အပြန်ခရီးစဉ်တွင် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ ငသိုင်းချောင်း မြို့နယ်သို့လည်း ဝင်ရောက်ရန် ရှိကြောင်း သိရသည်။ (Xinhua)