Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဗဟို ကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေး ကျင်းပ


ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုတိယ ဗဟို ကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေးအား ယနေ့တွင် ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ စတင် ကျင်းပခဲ့ကြောင်း သိရသည်။

NLD ဒုတိယ ဗဟို ကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေး သဘာပတိ နိုင်သောင်းညွန့်က NLD ဗဟို ကော်မတီဝင်များအား ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆက်လက် အနိုင်ရရှိရန် ၊ နိုင်ငံ တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ရန် လိုအပ်ကြောင်း အဖွင့် အမှာ စကားတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

အစည်းအဝေး သဘာပတိ နိုင်သောင်းညွန့်က အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

NLD ဒုတိယ ဗဟို ကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

“တိုင်းရင်းသား ပြည်သူလူထု ကြီးများနဲ့အတူ ကျွန်တော်တို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက ကြိုးစား အကောင် အထည်ဖော် ဆောင်ရွက် ထားတဲ့ အခြေအနေကောင်းများကို ပိုမို ပီပြင် လာအောင် ၊ ပိုမို လက်တွေ့ ကျလာအောင် ကြိုးပမ်း ဆောင်ရွက်နိုင်ဖို့ ၂၀၂၀ ရွေးကောက်ပွဲတွင် ဆက်လက် အနိုင်ရရှိဖို့၊ နိုင်ငံ တာဝန်ကို ဆက်လက် ထမ်းဆောင် နိုင်ဖို့လိုအပ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

သဘာပတိ နိုင်သောင်းညွန့်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နှင့် တူမည် မဟုတ် ကြောင်း ဝေဖန် ပြောဆိုနေသူ ၊ ထောက်ပြ နေသူတို့၏ စိတ်ပူပန်မှုများအား လစ်လျူရှုထား၍ မရ ကြောင်း ၊ ဂရုတစိုက်ဖြင့် ရှေ့ကို ဆက်လက် ချီတက် သွားရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုအစည်းအဝေးသို့တက်ရောက်ခွင့် ရှိသူ ဗဟိုကော်မတီဝင် ၁၄၃ ဦး ရှိသည့် အနက် အစည်းအဝေး ပထမနေ့တွင် ၁၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များ အပြင် ၊ အရံဗဟိုကော်မတီဝင်များ ၊ ပြည်နယ် နှင့် တိုင်းဒေသကြီး အလုပ် အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌများ ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်များ ၊ လွှတ်တော်ဥက္ကဋ္ဌများလည်း လေ့လာ သူ အဖြစ် တက်ရောက်ကြမည် ဖြစ်ရာ အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသူပေါင်း ၁၈၅ ဦး ရှိမည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား ပြည်သူ လူထု တစ်ရပ်လုံး ပိုမို ကောင်းမွန်ပြီး လုံခြုံသော ဘဝများတွင် နေထိုင်နိုင်ရေး အပေါ် သစ္စာရှိရမည် ဖြစ်ကြောင်း ၊ ကိုယ်နေရာ ရရှိရေး ၊ ရာထူး အာဏာ တည်မြဲရေး အတွက် တိုင်းရင်းသား ပြည်သူ လူထု အပေါ် သစ္စာ ဖောက်ဖျက်သည့် လုပ်ရပ်မျိုး မလုပ်ရန် အထူး သတိပြု ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

NLD ဒုတိယ ဗဟို ကော်မတီ ဒုတိယ အကြိမ်မြောက် အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များသို့ ဗဟို အလုပ် အမှုဆောင် အဖွဲ့၏ နိုင်ငံရေး အစီရင်ခံစာ နှင့် ပါတီ စည်းကမ်း ထိန်းသိမ်းရေး ဗဟို အဖွဲ့၊ ဗဟို လူငယ်လုပ်ငန်း အဖွဲ့၊ ဗဟို အမျိုးသမီး လုပ်ငန်း ကော်မတီ ၊ ဗဟို စီးပွားရေး ကော်မတီ ၊ ဗဟို ပြန်ကြားရေး ကော်မတီ ၊ ဗဟို လူမှု အထောက် အကူပြု အဖွဲ့၊ ဗဟို အလုပ်သမား ရေးရာ အဖွဲ့၊ ဗဟို တောင်သူလယ်သမား ရေးရာ လုပ်ငန်း အဖွဲ့၊ ဗဟို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ တို့၏ အစီရင်ခံစာများအား ဖတ်ကြား တင်သွင်းသွားမည် ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ် အရ သိရသည်။

ထို့အတူ တိုင်းဒေသကြီး ၊ ပြည်နယ် နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တို့မှ NLD ဗဟို ကော်မတီဝင်များက တင်သွင်း သည့် စာတမ်းများ ဖတ်ကြားခြင်းတို့အား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.