Connect with us

Politics, Law & Military

အမြန်လမ်း၌ သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်သောယာဉ် အစီးရေ ၃ သောင်းကျော်အား စက်တင်ဘာလ အတွင်း ဖမ်းဆီး အရေးယူထား

ယာဉ်အန္တရာယ် လျှော့ချရေးလက်ကမ်းစာစောင်ဝေနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အမြန် လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေး နှင့်ကြီးကြပ်ရေးအဖွဲ့)

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်း၌ စက်တင်ဘာ ၁ ရက်မှ ၁၇ ရက် အထိ သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင် သော ယာဉ်အစီးရေ ၃၅,၀၉၅ စီးအား ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

စက်တင်ဘာလ ၁၆ ရက် ည ၆ နာရီမှ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမို မောင်းနှင်သော မော်တော်ယာဉ်(၇)စီး၊ လှည်းကူး မြို့နယ်၊ အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ်(၂၂)စီး ၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် (၁၃)စီး ၊ မိတ္ထီလာမြို့နယ်၊ သီးကုန်းတိုး ဂိတ်၌ မော်တော်ယာဉ်(၄)စီး၊ ဖြူးမြို့နယ်ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်(၂)စီး၊ စုစုပေါင်း မော်တော် ယာဉ်(၄၈)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲ တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်မှ ၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ ၁၇ ရက် အထိ ခါးပတ်မပတ်ဘဲ မောင်းနှင်သော ယာဉ် ၅၆၀၆ စီး အား ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.