Connect with us

Politics, Law & Military

ကရင် ပြည်နယ် ဘားအံ အကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသားများအနက် ၇ ဦး ထပ်မံ ဖမ်းမိ

ဘားအံ အကျဉ်းထောင်အား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ကရင် ပြည်နယ် ၊ ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသားများ အနက် အကျဉ်းသား/အချုပ်သား ၇ ဦးအား စက်တင်ဘာ ၁၇ ရက်တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်မှု အရ သိရသည်။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသား ၄၂ ဦး အနက် စက်တင်ဘာ ၁၆ ရက်တွင် ၁၄ ဦး ပြန်လည် ဖမ်းဆီး ရမိခဲ့ပြီး စက်တင်ဘာ ၁၇ ရက်တွင် အကျဉ်းသား/အချုပ်သား ၇ ဦးအား ထပ်မံ ဖမ်းဆီး ရမိခဲ့ရာ စုစုပေါင်း အကျဉ်းသား ၁၅ ဦးနှင့် အချုပ်သား ၆ ဦး ပြန်လည် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသူများအား ပြန်လည် ဖမ်းဆီးရာတွင် စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းမိခဲ့သူ ၁၄ ဦး အနက် ကျော်မိန်လ(ခ)အရှောင် (ခ) ကျော်ဖကုလား (ခ)မိန်လ သည် အသာတကြည် အဖမ်းမခံဘဲ ပြန်လည်ခုခံကာထွတ်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ဝဲပုခုံးတွင် ကျည်ထိ မှန် ဒဏ်ရာများရရှိခဲ့၍ ဘားအံမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံး သွားခဲ့ပြီး စက်တင်ဘာ ၁၇ ရက်တွင် ဝဲ/ယာခြေသလုံး ကျည်ထိမှန်ဒဏ်ရာရရှိသော ကံမြင့်(ခ)ဇော်ကြီးသည် ဘားအံ အကျဉ်းထောင် ဆေးရုံမှတစ်ဆင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၇ ရက်တွင် အကျဉ်းသား ၄၊ အချုပ်သား ၃ စုစုပေါင်း ၇ ဦးအား လှိုင်းဘွဲမြို့နယ် အတွင်း နှင့် မြဝတီမြို့တို့၌ ပြန်လည် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.