Connect with us

Politics, Law & Military

ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လ်ဂျီယံနိုင်ငံသို့ထွက်ခွာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လ်ဂျီယံနိုင်ငံသို့ထွက်ခွာစဉ် (ဓာတ်ပုံ-- Senior General Min Aung Hlaing)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ Gen. Mikihail Kostarakos ၏ ဖိတ်ကြားချက်အရ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင်ကျင်းပပြုလုပ်မည့် ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး (European Union Military Committee-EUMC Meeting) သို့ တက်ရောက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြသည်။ ခရီးစဉ်အတွင်း ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာကော်မတီအစည်းအဝေး (European Union Military Committee-EUMC Meeting) တက်ရောက်ခြင်း၊ ဥရောပသမဂ္ဂဆိုင်ရာအကြီးအကဲများ၊ ဥရောပနိုင်ငံအလိုက် ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်ပြီး ဘယ်လ်ဂျီယံနိုင်ငံအတွင်းရှိ အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.