Connect with us

Politics, Law & Military

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် လောင်းကစားမှုပေါင်း ၂၆၀ မှု တန် လောင်းကြေးငွေ ကျပ်သိန်း ၂၀၀ ကျော်ဖမ်းဆီးရမိခဲ့

တိုင်းဒေသကြီးပြည်နယ်အလိုက် လောင်းကစားဖမ်းဆီးရရှိမှုများ (ဓာတ်ပုံ--ရဲဇာနည်)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစားမှုပေါင်း ၂၆၀ မှု နှင့် လောင်းကြေးငွေ ကျပ်သိန်း ၂၀၀ ကျော်ဖမ်းဆီးရမိခဲ့မိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့် လောင်းကစားမှုများမှာ နေပြည်တော်တွင် ၉ မှု ၊ ကချင်ပြည်နယ်တွင် ၂မှု၊ ကယားပြည်နယ်တွင် ၁မှု၊ ကရင်ပြည်နယ်တွင် ၅မှု ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၆မှု၊ တနသာၤရီတိုင်းဒေသကြီးတွင် ၆မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၃၇ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၂၇ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၀မှု၊ မွန်ပြည်နယ်တွင် ၁၀မှု၊ ရခိုင်ပြည်နယ်တွင် ၂မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၈၁ မှု၊ ရှမ်းပြည်နယ်တွင် ၅ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၉ မှု ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လောင်းကစားအမျိုးအစားများမှာ နှစ်လုံးထီ၊ ဖဲ၊ ချဲထီ နှင့် အခြားလောင်းကစားမှုများအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.