Politics, Law & Military
ဦးကိုနီ သတ်ခံရမှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးကာ အရေးယူဆောင်ရွက်ရန် ကိုဖီအာနန် ထုတ်ပြန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ သတ်ခံရမှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးကာ အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုဖီအာနန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှေ့နေ ဦးကိုနီ သေနတ်ဖြင့် ပစ်ခံရမှုနှင့် သေနတ်သမားအား လိုက်လံဖမ်းဆီးပေးရင်း သေဆုံးသွားသော ဦးနေဝင်းတို့၏ ဖြစ်စဉ်ကို ပြင်းထန်စွာ ရှုံ့ချကြောင်း ကိုဖီအာနန်က ဆိုသည်။
အဆိုပါ ဖြစ်စဉ်သည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေသူများအပေါ် အကြမ်းဖက်ခြင်းဖြစ်ပြီး စက်ဆုပ်ဖွယ် ကောင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဥပဒေအကြံပေး၊ တရားလွှတ်တော် ရှေ့နေ ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေးခရီး လိုက်ပါသွားခဲ့ပြီး ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိ ချိန် ဇန်နဝါရီ ၂၉ရက်နေ့ ညနေ ၅နာရီကျော်က သေနတ်သမား တစ်ဦး၏အနီးကပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ ယင်းလုပ်ကြံသော တရားခံကို ဖမ်းဆီးပေးသော တက္ကစီယာဉ်မောင်း ဦးနေဝင်းလည်း သေနတ်သမား ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ (Xinhua)