Connect with us

Politics, Law & Military

လွှတ်တော် ကိုယ်စားလှယ်များ စွမ်းဆောင်ရည် မြင့်မားရေး ကြိုးပမ်းရန် နာယက တိုက်တွန်း


နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဒီမိုကရေစီ ရှင်သန်နိုင်ရေးအတွက် စွမ်းရည်မြင့်ပြီး အားကောင်း ခိုင်မာသည့် လွှတ်တော်များ လိုအပ်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ တိုက်တွန်း ပြောကြားခဲ့သည်။

“ဒုတိယအကြိမ် လွှတ်တော်များရဲ့ သက်တမ်းဟာ ယနေ့ဆိုရင် တစ်နှစ် ပြီးမြောက်ခဲ့ပါပြီ၊ မိမိတို့တာဝန်ယူခဲ့တဲ့ကာလအတွင်း နိုင်ငံငံသားများရဲ့ အကျိုးစီးပွားများကို ခေတ်နဲ့အညီ ဖော်ဆောင်ပေး နိုင်တဲ့ ဥပဒေများ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ ရုပ်သိမ်းသင့်သည့် ဥပဒေများ ရုပ်သိမ်းခြင်း စတဲ့ ဥပဒေပြုလုပ်ငန်းများနဲ့ အုပ်ချုပ်ရေးကဏ္ဍ တရားစီရင်ရေး ကဏ္ဍတို့ကို တတ်နိုင်သမျှ ထိန်းကျောင်း စောင့်ကြည့်တဲ့ တာဝန်များကို ဆောင်ရွက်ခဲ့ပါတယ်၊ ဒီမိုကရေစီ ရှင်သန်ရန်အတွက် စွမ်းရည်မြင့်မားပြီး အားကောင်း ခိုင်မာတဲ့ လွှတ်တော်များ ရှိဖို့မဖြစ်မနေလိုအပ်သလို လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော် ဝန်ထမ်းများ ဘက်စုံ စွမ်းရည် မြင့်မားရေးအတွက် ပြည်တွင်းပြည်ပ ပညာရှင် များနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက် ရှိပါတယ်၊ လွှတ်တော် အားကောင်းမှ ဒီမိုကရေစီ ရှင်သန်နိုင်ပါမယ်၊ လွှတ်တော် ကိုယ်စားလှယ် များကလည်း မိမိတို့စွမ်းရည် မြင့်မားလာအောင် ဆောင်ရွက်ပြီး နိုင်ငံတော်နဲ့နိုင်ငံသားတွေ တည်ငြိမ် အေးချမ်းပြီး သာယာ ဝပြော တိုးတက်ဖို့အတွက် အားသွန်ခွန်စိုက် ဆက်လက် ကြိုးပမ်း အကောင်အထည် ဖော်ကြပါ လို့ဆန္ဒပြုပါတယ်” ဟု နေပြည်တော် လွှတ်တော်ဝင်းအတွင်း ထမင်းစား ခန်းမဆောင်ကြီးတွင် ယနေ့နေ့လယ်ပိုင်း ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် လွှတ်တော်များ တစ်နှစ်ပြည့် အခမ်းအနား၌ ၎င်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥကဋ္ဌဦးဝင်းြမင့်အားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်နေစဉ်(ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်နေစဉ်(ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်နေစဉ်(ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်နေစဉ်(ဆင်ဟွာ)

ဒုတိယ အကြိမ် လွှတ်တော် စတင်ပြီး တစ်နှစ်တာအတွင်း နိုင်ငံတော်နှင့် နိုင်ငံသား အကျိုး စီးပွား အတွက် အသစ်ပြဌာန်းရသည့် ဥပဒေ ငါးခု၊ ခေတ်ကာလ အခြေအနေနှင့် လိုက်လျော ညီထွေမရှိသောကြောင့် ပြင်ဆင်ရသည့် ဥပဒေ ရှစ်ခု၊ ရုပ်သိမ်းခဲ့ရသည့် ဥပဒေ ခြောက်ခု တို့ကို ဆောင်ရွက် ပြဌာန်းနိုင်ခဲ့ပါကြောင်းနှင့် နိုင်ငံ့ အကျိုး ဒေသအကျိုး ပြည်သူ့ အကျိုး အတွက် မေးခွန်းများ၊ အဆိုများ တင်သွင်းခြင်း၊ လွှတ်တော် ရေးရာ ကော်မတီများကလည်း ကော်မတီ လုပ်ငန်းများ ဆောင်ရွက်ရင်းမှ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍများကို ထိန်းညှိ ဆောင်ရွက်ခြင်း စသည့် လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ပြည်ထောင်စု လွှတ်တော် နာယကက ပြောခဲ့သည်။

ထို့အတူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း “ဒုတိယ အကြိမ် လွှတ်တော် လုပ်ငန်းစဉ်တွေ အခုလို ချောမွေ့ရခြင်းကလည်း ပထမ အကြိမ် လွှတ်တော်တွေမှာ တာဝန် ယူခဲ့တဲ့ လွှတ်တော် အသီးသီးရဲ့ ဥက္ကဋ္ဌ များက ကူညီ ပံ့ပိုး ခဲ့တဲ့ အကျိုးဆက်ကြောင့်ပဲ ဖြစ်ပါ တယ်၊ အခုက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ လမ်းစကို ခြေချနိုင်ရုံပဲ ရှိပါသေးတယ်၊ ဒီလို ရောက်ခဲ့တာက ပန်းခင်းလမ်းကို လျှောက်ခဲ့ရတာ မဟုတ်ပါဘူး၊ ခရောင်းလမ်းကို ကြမ်းတမ်း ခက်ထန်စွာနဲ့ ကျားကုတ်ကျားခဲ ဆောင်ရွက်ခဲ့ကြရတာပါ၊ ဒါကြောင့်မို့ ကိုယ်စားလှယ်များ အားလုံးဟာ ဒါကို သတိ မပြတ်ဖို့ဖြစ်ပါတယ်၊ အခု တစ်နှစ် ပြည့်သွားသလို ကိုယ်စားလှယ် တွေ ရဲ့ အရည်အသွေးကလည်း တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာဖို့လိုပါတယ်၊ ဒါမှသာ လွှတ်တော်ကြီး ခိုင်မာ တောင့်တင်းပြီး ဒီမိုကရေစီ အုတ်မြစ် မြဲမြံမှာ ဖြစ်ပါတယ်” ဟု တိုက် တွန်း ပြောကြားခဲ့သည်။

အဆိုပါ ဒုတိယ အကြိမ် လွှတ်တော် နှစ်ပတ်လည် အခမ်းအနားတွင် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ခြင်းအတွက် ကူညီဆောင်ရွက်ပေးခဲ့သော ဝန်ကြီးဌာန များအား ပြည် ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ နာယက၊ ဒုတိယ ဥက္ကဋ္ဌ များက ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117