Connect with us

Politics, Law & Military

၂၁ ရာစုပင်လုံညီလာခံ ဒုတိယ အစည်းအဝေးကို ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင်း ကျင်းပနိုင်ရေး ထပ်မံညှိနှိုင်း မည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC )အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ- ဦးလှမောင်ရွှေ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁ ရာစုပင်လုံ) ဒုတိယ အစည်းအဝေးကို ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ကျင်းပနိုင်ရေးအတွက် ထပ်မံဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း ပြည်ထာင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

“ ၂၈ ရက်နေ့ကို target dateထားပါတယ်၊ confirm dateကို ပြန်ညှိပါ့မယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁ ရာစုပင်လုံ) ဒုတိယ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ မှ မတ် ၇ရက်နေ့ထိ ၇ ရက်ကြာ ကျင်းပရန် လျာထားကြောင်း သိရသည်။

လက်ရှိ ညီလာခံ ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွင် ပါဝင်ထားသည့်အတိုင်း ညီလာခံ ကိုယ်စားလှယ် ဦးရေ ၇၀၀ ဦးနှင့် ကျင်းပနိုင်ရေး သဘောတူထားကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC )အစည်းအဝေးအတွင်း သတင်းမီဒီယာများ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

၂၁ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ရက်နေ့မှ စက်တင်ဘာ ၃ရက်နေ့ထိ ကျင်းပခဲ့ပြီး စက်တင်ဘာ ၁ရက်နေ့တွင် ကိုယ်စားလှယ် ၃၃ဦး၊ စက်တင်ဘာ ၂ရက်နေ့တွင် ကိုယ်စားလှယ် ၃၃ဦးနှင့် စက်တင်ဘာ ၃ ရက်နေ့တွင် ကိုယ်စားလှယ် ၁၀ဦး တို့မှ ၎င်းတို့၏ သဘောထားအမြင်များကို တင်ပြဆွေးနွေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.