Connect with us

Politics, Law & Military

ကချင်ပြည်နယ်၌ အမိုနီယမ်နိုက်ထရိတ် အိတ်၁၅၀ခန့် ဖမ်းမိ

ဆပ်ပြာမှုန့်ထုပ်များအောက်၌ ၀ှက်၍သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်များအား တွေ့ရစဉ်(ဓာတ်ပုံ- မြ၀တီ)

ရန်ကုန်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ကာမိုင်းမြို့၏မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ လဝါးစစ်ဆေးရေးဂိတ်၌ ဆပ်ပြာမှုန့်ထုပ်များအောက်၌ ဝှက်၍သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ် အိတ်၁၅၀ခန့် ဖမ်းဆီးရမိကြောင်း ကာမိုင်းနယ်မြေရဲစခန်းထံမှ သိရသည်။

လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်တရားမဝင်ပစ္စည်းများသယ်ဆောင်လာခြင်း ရှိ၊ မရှိစစ်ဆေးလျက်ရှိစဉ် မိုးကောင်းမြို့ဘက်မှ ကာမိုင်းမြို့ဘက်သို့ မောင်းနှင်လာသည့် GMC အမျိုးအစား၊ ခြောက်ဘီးယာဉ် အမှတ် ဆ/—–အားရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်၌ အီလန်ဆပ်ပြာမှုန့်ထုပ်များအောက်၌ ဝှက်၍ သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ် ၁၅၀ အိတ်(ခန့်မှန်းတန်ဖိုး ၇၅ သိန်းခန့်)ကို ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူအား တရားဥပဒေအရအရေးယူနိုင်ရေးအတွက် ဖမ်းဆီးရမိယာဉ်၊ အမိုနီယမ် နိုက်ထရိတ်များနှင့်အတူ ကာမိုင်းနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း စစ်ဆေးလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.